အရွယ်မရောက်သေးသည့် မိန်းကလေး ငယ်ကို သားမယား ပြုကျင့် ပြီး ခိုးမှု ဖြင့် တရားစွဲ

မြောက်ဥက္ကလာပ ချယ်ရီ စားသောက်ဆိုင် ပိုင်ရှင် က အိမ်ဖော် အဖြစ် ခေါ်ယူထား တဲ့ အသက် ၁၅ နှစ် အရွယ် မိန်းကလေး ကို အဓမ္မ ပြုကျင့် ခဲ့ ပြီး နောက် ၊ ပစ္စည်းခိုးယူ မှု ဖြင့် ဆိုင်ပိုင်ရှင် က ပြန်
လည် အမှု ဖွင့် ရာ ရဲက ထို အမှု ကို လက်ခံခဲ့သည်။

သားမယား အဖြစ် ခြောက်ကြိမ်ပြုကျင့် ခြင်း ခံရသည့် မိန်းကလေးငယ်
သည် အိမ်ပေါ်က ဆင်းလာစဉ် မည်သည့် ပစ္စည်း မှ မခိုးယူရပါ ဟု ဧရာဝတီ သတင်း ဌာနကို ပြောသည်။

ဆိုင်ရှင် ဦးမြင့် အောင် ကို လည်း ရဲ က အမှု ဖွင့်ထား ပြီး ယခင်က တည်းက
မြောက်ဥက္ကလာ ရဲစခန်း နှင့် သိကျွမ်းရင်း နှီးသည့် ဦးမြင့်အောင် က အမှု
သေးစေရန် နှင့် ၎င်း သားမယား ပြုကျင့် ခံရသည့် မိန်းကလေး အမှုကြီး
စေရန်နည်း မျိုး စုံ လုပ် ဆောင် နေသည် ဟု မြောက်ဥက္ကလာ ပ မြို့  မှ
ရှေ့ နေ တစ်ဦး က FNG ကို ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ကလေးသူငယ် ကူညီ စောင့်ရှောက်ရေး အဖွဲ့ မှ ထိုကလေး ငယ် ကို စောင့်ရှောက် ပေးထားသည် ဟု သိရသည်။

Posted From Freedom News Group(Burma)

အရွယ်မရောက်သေးသည့် မိန်းကလေး ငယ်ကို သားမယား ပြုကျင့် ပြီး
ခိုးမှု ဖြင့် တရားစွဲ

SHARE THIS