ချစ်သူ များနေ့ တွင် ခေါင်းပြတ် နေသည့် အမျိုးသမီး အလောင်း တွေ့ရှိ

Saturday, February 16, 2013
ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ
ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ
၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း ဖြူး မြို့နယ် ရဲတပ်ဖွဲ့  ၏၊ မြို့နယ်ရဲမှူး စိုးသန်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီးသည် အသက် ၂၅ နှစ် အရွယ်ခန့်  ရှိပြီး ဦးခေါင်း
ပြတ်နေသော ခန္ဓာကိုယ် ကို ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင် အမှတ် ၁/၁၄၀ အနီးတွင် လာရောက် စွန့်ပစ် ထားကြောင်း၊ နေ့ လည် ၂ နာရီခန့် အချိန်တွင် လူတစ်ဦး၏ သတင်းပေးချက် အရ မိုင်တိုင် အမှတ် ၂/၁၃၈ အနီး လမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းပြတ် တစ်လုံးကို ထပ်မံ တွေ့ ရှိခဲ့ ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

ဖြူးမြို့နယ်၊ ပြည်သူ့ ဆေးရုံသို့ ပေးပို့ စစ်ဆေးခဲ့ ရာ နံနက်ပိုင်း က တွေ့ ရှိခဲ့ သော အမျိုးသမီး ခန္ဓာကိုယ် နှင့် တစ်ဆက်တည်း
ဖြစ်သည်ကို မြို့နယ် မူခင်း ဆရာဝန်က အတည်ပြု ခဲ့သည်။

“ဆေးရုံ က ဆေးစစ်ချက် ကို ထုတ်ပေးပြီး ရဲစခန်း ကနေ တစ်ဆင့် ထုတ်ပြန် ပေးမှာပါ။ အခုတော့ ထုတ်ပြန် ပေးလို့ မရသေး ပါဘူး” ဟု ဖြူးမြို့ နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဇော်လွင်က ရှင်းပြသည်။

အမျိုးသမီး ကို အသက် ခန့် မှန်း နိုင်သည် မှ အပ အမည်၊ နေရပ် လိပ်စာ နှင့် အသေးစိပ် အချက် အလက် များကို စုံစမ်း စစ်ဆေးဆဲ ဖြစ်ပြီး၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် 
အမှုဖွင့် ထားကြောင်း မြို့နယ် ရဲစခန်း ထံမှ သိရသည်။

The Voice Weekly

SHARE THIS
Previous Post
Next Post