Thursday 7th February 2013
လူမှုဖူလုံရေး
ငွေကြေး ထည့်သွင်း ထားသူတွေ အနေနဲ့ သက်ပြည့် အငြိမ်းစား အကျိုး ခံစား
ခွင့်ရရှိ နိုင်အောင် ပြုလုပ်ပေး သွားဖို့ ရှိတယ်လို့ အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနအောက်ရှိ လူမှုဖူလုံရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ပြုလုပ်ရာမှာ ပုဂ္ဂလိက ၀န်ထမ်းတွေ အနေနဲ့လည်း လူမှုဖူလုံရေး အာမခံထားရှိ ထားပါက သက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
အဆိုပါ ခံစားခွင့်မှာ မိမိ လုပ်ငန်း လစာငွေ ပေါ်မှာ မူတည်ပြီး လူမှုဖူလုံရေး ထည့်ဝင်ငွေကို သတ်မှတ် ထားတဲ့ နှစ်နဲ့ ပမာဏ ထည့်ဝင် ရမှာဖြစ်ပြီး အသက် ၆၀ ပြည့်ပါက လူမှုဖူလုံရေး ပင်စင် ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ခံစားခွင့်ရရှိရာ မှာလည်း မိမိ ထည့်သွင်း ထားတဲ့ ငွေပေါ် မူတည်ကာ တစ်ပေါင်းတည်း ငွေကြေး ထုတ်ယူ အကျိုး ခံစားခွင့်နဲ့ လစဉ် အကျိုးခံစာခွင့် နှစ်မျိုး သတ်မှတ် ထားပြီး မိမိကြိုက်နှစ်သက်ရာ အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လစဉ် အကြို ခံစားခွင့်ရယူပါက ဂရုဏာကြေးများလည်း ခံစားခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆောင်ရွက် ပေးမယ့် သက်ပြည့် အငြိမ်းအစား အကျိုး ခံစားခွင့်ကို လူမှုဖူလုံရေး နည်းဥပဒေသစ် အတွင်း ထည့်သွင်း ရေးဆွဲထားပြီး အဆိုပါ နည်းဥပဒေ ထွက်ရှိပြီးပါက လက်တွေ့ အကောင်အထည် ဖော်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။