မန်ယူကို ရှုံးပါက ရော်နယ်ဒို အိပ်မပျော်နိုင် ခံစားရမည်

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက အသင်းဟောင်း မန်ယူကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရပါကမိမိအနေဖြင့် အိပ်မပျော်သောညများ ကြုံတွေ့နိုင်သည်ဟု ဆိုခဲ့သည်။ ရီးရဲလ်နှင့် မန်ယူတို့၏ ပထမအကျော့ပွဲစဉ်တွင် (၁-၁)ဂိုးဖြင့် သရေကျခဲ့ပြီး ဒုတိယအကျော့မှာ မတ်လ ၅ရက်နေ့တွင် ကစားရမည်ဖြစ်သည်။ ရော်နယ်ဒိုမှာ ပထမအကျော့တွင် အသင်းဟောင်းဘက်သို့ တစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်းအောင်ပွဲခံခဲ့ခြင်းမရှိသည့်အပြင် ပွဲအပြီးတွင် မန်ယူအသင်းအ၀တ်လဲခန်းသို့ သွားရောက်၍ နည်းပြဖာဂူဆန်နှင့် အသင်းဖော်ဟောင်းများကို နှုတ်ဆက်ခဲ့သည်။

သို့သော် ရော်နယ်ဒိုက" ပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ်(သို့) ဖိုင်နယ်ပွဲတွေမှာ ရှုံးခဲ့ရင် ကျွန်တော် အိပ်မပျော်ပါဘူး။မန်ယူကို ရှုံးမယ်ဆိုရင်တော့ ကျွန်တော့်အတွက် ၂ရက်၊ ၃ရက်လောက် အိပ်မရနိုင်ဖြစ်ရမှာပါ။ ဒါဟာ ရီးရဲလ်အတွက်လည်း မဖြစ်သင့်တဲ့ အခြေအနေပါ"ဟု ဖွင့်ဟသွားခဲ့သည်။ ထို့အပြင် ရော်နယ်ဒိုက မီဒီယာ စာမျက်နှာထက်တွင် ၎င်းအပေါ် ဝေဖန်မှုများကြောင့် နာကျင်ခဲ့ရဖူးသည်ဟု ၀န်ခံခဲ့သော်လည်း လူမုန်းများသည့် ၎င်း၏စရိုက်ကို
ပြောင်းလဲမည်မဟုတ်ဟု တုံ့ပြန်ခဲ့သည်။
မှ YoYarLay

http://yoyarlay.com/sport/football/34334-2013-02-23-14-56-04

အေးချမ်းမွန်မှ YoYarLay  တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

SHARE THIS