မင်းပြားမြို့နယ်တွင် ပျောက်ဆုံး ရခိုင်မိန်းကလေး၏ အလောင်းကို မြစ်ကမ်းပါးမှ ရရှိ

By Murm Khari and Thaung Krwe

စစ်တွေ ၊ ၁၁ ဖေဖော်ဝါရီ ၂၀၁၃၊ Coral Arakan News ၊ [ သတင်း ]

ပြီးခဲ့သော ဇွန်န၀ါရီလ (၃၁) ရက်နေ့ မှ စတင်ပျောက်ဆုံးသွားသော မင်းပြားမြို့နယ် ကြမ်းတိုက်ကျေးရွာမှ ရခိုင်အမျိုးသမီးငယ်၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မနက် ကိုးနာရီခန့်က ယင်းကျေးရွာအုပ်စု ပတ်ဝန်းကျင် ချောင်းကမ်းပါးတစ်နေရာ ကြိုးတံတားတစ်ခုအောက်၌ ရှာဖွေတွေ့ရှိခဲ့ပြီးနောက်၊ ယခုအခါ မင်းပြားမြို့ ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်သည်။

စမ္ပလေ ကျေးရွာအုပ်စု ကြမ်းတိုက်ကျေးရွာသူ မဌေးဌေးမြင့်(အသက် ၁၈-နှစ်)၏ မိသားစုဝင်များက ယခု အမ်းသားကျေးရွာအနီး ကမ်းစပ်တွင်တွေ့ရသော ရုပ်အလောင်းမှာ မဌေးဌေးမြင့်၏ ရုပ်အလောင်းဖြစ်သည်ဟု အတည်ပြုကြပြီး၊ အလောင်းရှိအ၀တ်အစားများမှာ မဌေးဌေးမြင့် ပျောက်ဆုံးသွားစဉ်က အ၀တ်အစားများ ပင်ဖြစ်သည် ဟု အတည်ပြုကြသည်။ 

မဌေးဌေးမြင့်မှာ ပျောက်ဆုံးစဉ်ကာလက ဆံပင်ရှိသူဖြစ်သော်လည်း ရှာဖွေသူများက အလောင်းကို တွေ့သောအခါ ၄င်း၏အလောင်းတွင် ဆံပင်လုံးဝမရှိဘဲ ခေါင်းတုံးရိတ်ခံထားရသည်ကို တွေ့ရသည်။ အလောင်း၏ လည်ပင်းတွင် ညိုမဲနေသော အရာများတွေ့ရပြီး၊ ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက် နှင့် ခြေသလုံးတစ်ဖက်တွင် ဒဏ်ရာ တစ်နေရာရှိသည်ကိုတွေ့ရသည် ဟု အလောင်းကို မင်းပြားမြို့သို့ သယ်ဆောင်လာသူတစ်ဦးက Coral Arakan အား ပြောကြားသည်။ 

သေဆုံးသူ မဌေးဌေးဝင်း နေထိုင်ရာ စမ္ပလေကျေးရွာအုပ်စုတွင် စမ္ပလေ(ကုလား)ရွာမှာ အိမ်ခြေအများဆုံး လူဦးရေ အများဆုံးဖြစ်ပြီး၊ ပထမအကြိမ် ဘင်္ဂါလီဆူပူမှုများဖြစ်ပြီးကတည်းက စက်ရုံမော်(ရခိုင်)ရွာမှာ မူလနေအိမ်များတွင် မနေ၀ံ့ပဲထွက်ပြေးကာ ရခိုင်အိမ်များ ရှိရာ သေကန်ကျေးရွာဘက်တွင် ယာယီအမိုးအကာများထိုးကာ နေကြရသည်မှာ ခြောက်လကျော်ပြီ ဖြစ်သည်။ ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုခြင်းကို မခံရဘဲ မည်သည့်နိုင်ငံတကာအဖွဲ့အစည်း မည်သည့် အစိုးရအဖွဲ့အစည်းများ၏ အထောက်အပံကိုမျှမရဘဲ ကုလားများ၏ နှောင့်ယှက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကာ နေထိုင်ကြရသည်။ 

စမ္ပလေရွာသား ကုလားများမှာ အနီးအနားရှိ ရခိုင်/မြန်မာ တိုင်းရင်းသားများအား အမြဲတမ်းရန်စ တိုက်ခိုက်လေ့ရှိသည်။

ပထမအကျော့ ဘင်္ဂါလီဆူပူမှု ဖြစ်ခါစတွင် စမ္ပလေရွာတွင်းသို့ ကြက်ဝယ်ရန်သွားသော ရခိုင်အမျိုးသားတစ်ဦး ပြန်ထွက်မလာတော့ဘဲ ပျောက်ဆုံးသွားဖူးသည်။

ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ကလည်း သေကန်ရွာသား တစ်ဦး စက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင် ဆင်နေစဉ် စမ္ပလေ(ကုလား)ရွာမှ ကုလားအယောက်(၂၀)ခန့်တို့က တိုက်ခိုက်သောကြောင့် မင်းပြားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ 

(Coral Arakan News အတွက် မင်းခရီ နှင့် သောင်းကြွယ် ရေးသားသည်။)
စစ်တွေ ၊ ၁၁ ဖေဖော်ဝါရီ ၂၀၁၃

Coral Arakan News

SHARE THIS
Previous Post
Next Post