စည်ပင်တိုက်ခန်း တစ်ထောင်ကျော် ဒေသပေါက်ဈေးဖြင့် ပြည်သူသို့ ရောင်းမည်ဆို

Photo
တပ်မတော်မှ အရာရှိများ ကိုသာ လျှော့ဈေးဖြင့် ရောင်းချ ပေးခဲ့ဖူးသည့် ရန်ကုန်စည်ပင်ပိုင် တိုက်ခန်းများကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူသို့ ဒေသ ပေါက်ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဟုသိရသည်။

အဆိုပါ တိုက်ခန်းများအား ဝယ်ယူလိုသူများ အနေဖြင့် ယခုလ ၁၄ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဌာနမှူး ထံသို့ လာရောက် ဆက်သွယ်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ထား သည်။ ရန်ကုန် စည်ပင်မှ ရောင်းချပေးမည့် တိုက်ခန်းများမှာ ကော်မတီနှင့် ပုဂ္ဂလိ က လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရာမှ ကော်မတီ အတွက် အချိုးကျ ရရှိသည့် တိုက်ခန်းများ ပါဝင်ပြီး အလုံးရေ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။ ယခင်က ရန်ကုန်စည်ပင်ပိုင် တိုက်ခန်းများအား နိုင်ငံတော် ထုခွဲ ရောင်းချရေးမှ တစ်ဆင့် တပ်မတော်မှ အရာရှိများ ကိုသာ လျှော့ဈေးဖြင့် ရောင်း ချပေးခဲ့ဖူးကြောင်း၊ တပ်မတော် အစိုးရ လက်ထက်၌ ထူးတိုက်ခန်းများ၊ ကွန်ဒိုများ၊ မြို့တော်ဂေါက်ကွင်းမှ အိမ်ရာစီမံကိန်းများ အစရှိသည့် တိုက်ခန်းများကို ကာလ ပေါက်ဈေး၏ သုံးပုံတစ်ပုံဖြင့် တပ်မှ အဆင့်မြင့် အရာရှိများကို ရောင်းချပေးခဲ့ကြောင်း ရန်ကုန် စည်ပင်မှ စုံစမ်း သိရှိရသည်။ ယင်းအပြင် ရန်ကုန်စည်ပင်ပိုင် ယုဇနတိုက်ခန်းများအား ၂ဝ၁၁ ခုနှစ်တွင် ၄င်းတို့ ကော်မတီမှ ဝန်ထမ်းများအား မဲနှိုက်၍ အရစ်က စနစ်ဖြင့် ရောင်းချပေးခဲ့သည်။အဆိုပါ တိုက်ခန်းများအား ဝန်ထမ်း များသို့ ကျပ်၁ဝသိန်းမှ သိန်း ၄ဝ ကြား ဈေးနှုန်း များဖြင့် ရောင်းချ ပေးခဲ့ခြင်း ဖြစ်သည်။

ရတနာပုံ သတင်း

SHARE THIS
Previous Post
Next Post