ယခုလမှ စတင်ကာ ပြည်တွင်း ဘုရားဖူးများ အနေနဲ့ ရွှေတိဂုံ စေတီတော်မှာ
အင်တာနက် အခမဲ့ သုံးစွဲနိုင်ပြီ ဖြစ်တယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက
အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ရွှေတိဂုံ
စေတီတော်မှာ အင်တာနက် အခမဲ့ သုံးစွဲခွင့်ကို ပြီးခဲ့တဲ့နှစ် ဘြဂုတ်လက
စတင်ကာ ပြည်ပ ခရီးသွားများကို သုံးစွဲခွင့်ပြုခဲ့ပြီး ယခုအခါမှာ ပြည်တွင်း
ဘုရားဖူးတွေ ကိုပါ စတင် သုံးစွဲခွင့်ပြုတာ ဖြစ်ပါတယ်။
အဲ့ဒီလို အင်တာနက် အခမဲ့ သုံးစွဲနိုင်ရန် အတွက် ကိုတော့ ကွန်ပျူတာ သုံးလုံး ထားရှိပေး ထားပြီး WiFi အသုံးပြုခွင့် ကိုလည်း Password ပါဝင်တဲ့ ၄၅ မိနစ်စာ Acess Card များနဲ့ သုံးစွဲနိုင် တယ်လို့ သိရပါတယ်။ အဆိုပါ Acess Card များကိုတော့ စေတီတော်မှာ နိုင်ငံခြားသား ဘုရားဖူးများ အတွက် ၀င်ကြေး ကောက်ခံတဲ့ ကောင်တာများမှာ ထုတ်ယူနိုင်ပြီး အင်တာနက် အခမဲ့ သုံးစွဲနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီလို အင်တာနက် အခမဲ့ သုံးစွဲနိုင်ဖို့အတွက် ကိုတော့ Crystal Shine ကုမ္ပဏီမှ လှူဒါန်းပေး ထားတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။from MRTV-4