အိန္ဒိယက တည်ဆောက်နေတဲ့ စစ်တွေဆိပ်ကမ်း လုပ်ငန်းခွင်မှာ
ထိခိုက်ဒဏ်ရာရရှိသွားခဲ့တဲ့ ရခိုင် လူငယ် တစ်ဦးဟာ ဒဏ်ရာ ရတာ ရက်ပေါင်း ၂၀
ကျော်ရှိလာပေမယ့် ခုအချိန်ထိ လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိသေးဘူးလို့
သိရပါတယ်။
စစ်တွေမြို့ ချင်းပျံလမ်း ကျောင်းကြီးလမ်းရပ်ကွက်မှာ နေထိုင်တဲ့ မောင်နေရင်ကျော်(အသက်-၂၅နှစ်)ဟာ
ဖြစ်တာက ဇန္န၀ါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီ ခန့်မှာ ဖြစ်ပါတယ်။ သူ့ရဲ့
လုပ်ဖေါ်ကိုင်ဘက်နှစ်ဦးက လွှတ်သွားပြီး ကိုနေရင်ကျော်ကိုဘဲ ကရိန်းပေါ်က
ဘိလပ်မြေအိတ်တွေ စုပုံ ကျလာတယ်လို့ ပြောပါတယ်။
အခုအခါ သူ့အခြေအနေ
ကျန်းမာသက်သာလာတဲ့ အတွက် ဆေးရုံကနေ နေအိမ်ကို ပြန်ရောက်ရှိနေပေမယ့်
လျော်ကြေးငွေ ဖြစ်ဖြစ်၊ ထောက်ပံ့ငွေ ဖြစ်ဖြစ် တစ်စုံတစ်ရာ မရရှိတဲ့ အတွက်
သူ့အတွက် ဆေးဖိုးဝါးခက အစ နေထိုင်ရေး ထိုင်ရေးပါ အခက်ကြုံနေရတယ်လို့ သူ့ရဲ့
မိတ်ဆွေ တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး
အိန္ဒိယ Essar ကုမ္ပဏီက တည်ဆောက်နေတဲ့ စစ်တွေ ဆိပ်ကမ်း အလုပ်သမား ခေါင်းဆောင်
တစ်ဦးဖြစ်တဲ့ ကိုမြင့်ဇော်ကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ
မောင်နေရင်ကျော်ကို လျော်ကြေးငွေ ပေးမယ့် အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။
မနက်ဖန် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ Essar ကုမ္ပဏီ ရုံးခန်းကို
မောင်နေရင်ကျော်ရဲ့ မိဘတွေကို ခေါ်ယူထားပြီး အဲဒီ လျော်ကြေးကိစ္စ
ဆွေးနွေးမယ်လို့ ဆိုပါတယ်။
ကိုမြင့်ဇော်ပြောပြတာကတော့ မောင်နေရင်ကျော် ဆေးကုစရိတ် ကျပ် (၅) သိန်းခန့် ကုမ္ပဏီက ကုန်ကျ ခံထားပြီ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်တွေက လုပ်ငန်းခွင်တွေမှာ ထိခိုက် ဒဏ်ရာရတဲ့ အလုပ်သမားတွေအတွက်
အလုပ်သမား အာမခံတွေ မရှိတဲ့ အတွက် အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရရင်
ဆေးဝါးကုသဖို့နဲ့ နားနေတဲ့ အခါ သူတို့ စားသောက်ဖို့ အတွက် အထောက်အပံ့
ရရှိရေးကတော့ အခက်အခဲ ရှိနေတာ အမှန်ဘဲလို့ သူက ပြောဆိုပါတယ်။
စစ်တွေ ဆိပ်ကမ်း လုပ်ငန်းခွင် (ဓါတ်ပုံ- နိရဉ္စရာ)
Credit to : Narinjara