စစ်ပြေးဒုက္ခသည်များကို အစိုးရတပ်ကို သတင်းပေးသည်ဟုဆိုကာ KIA မှနှိပ်စက်

ဖားကန့် မြို့နယ်၊ လုံးခင်း ရွာအနီး၊ မော်စီဇာ မှ မော်မောင်းကုန်း ရွာ သို့တက်လာသော လမ်း၊ သင်္ချိုင်း ကုန်း မြေစာပုံ ပေါ်တွင် ယာယီစခန်းချ နေကြသော စစ်ပြေးဒုက္ခသည် စခန်းကို ယမန်နေ့က အစိုးရတပ်ကို သတင်းပေးနေသည့်ဟု ဆိုကာ KIA အဖွဲ့မှ ခြိမ်းခြောက်နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ ကြောင်းသိရသည်။ တိုက်ပွဲတွေဖြစ်ပွားနေသည့်အတွက် ဒေသခံတွေက ဒုက္ခသည်စခန်းတွေမှာ သွားရောက်နေထိုင်ကြရပါသည်။ ဒုက္ခသည်စခန်းကို KIA ကရောက်လာပြီး အစိုးရတပ်တွေကို သတင်းပေးတယ် ကူညီမှုတွေလုပ်ပေးတယ်ဆိုပြီး ညှင်းပန်းနှိပ်စက်မှုတွေပြုလုပ်ခဲ့ပြီး နောက်တစ်ခါ ယခုလို သူတို့ရှိသည့် နေရာတွေကို အစိုးရတပ်ကို ပြောလျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

စုဝေးနေကြသော သူများ မှာ ကချင်၊ ရှမ်း၊ ဗမာ၊ ရခိုင် လူမျိုးစုံဖြစ်ကြောင်း၊ လောလောလတ်လတ် အလွန်ဆိုးဝါးစွာဒုက္ခရောက်နေ ကြောင်း ဒေါ် ရှမ်းမ မှ ပြော ကြားပါသည်။ ၄င်းမြေစာပုံ စုဝေးနေ ကြသော ဒုက္ခသည် များသည် လွန်ခဲ့သော တစ်ပတ်ခန့်က ဖားကန်း၊ လုံးခင်းပတ်ဝန်းကျင်ဒေသ တစ်ခုလုံးစစ်ရေးပြင်းထန်လာကြသော ကြောင့်မြို့ရွာများသို့ ထွက်ပြေး တိမ်းရှောင်ရန် မစွမ်းသာသော အလုပ်သမား၊ ဆင်းရဲသားများ ဖြစ်ကြာင်း သိရသည်။

SHARE THIS
Previous Post
Next Post