အစိုးရနဲ့ KIO/KIA ရွှေလီမှာ မနက်ဖြန် ဆွေးနွေးဖွယ် ရှိ

Sunday, February 03, 2013

KIO/KIA နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ မနက်ဖြန် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တရုတ်နိုင်ငံ ရွှေလီမြို့ မှာ ဆွေးနွေးကြဖို့ ရှိတယ်လို့ တရုတ်နယ်စပ်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

တက်ရောက်ဆွေးနွေးကြမယ့် သူတွေကိုတော့ နာမည်နဲ့တကွ အတိအကျ ဧရာဝတီက စုံစမ်းလို့ မရသေးပါဘူး။ အခုလိုတွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ဖို့ တရုတ်နိုင်ငံဘက် ကြားဝင်ဆောင်ရွက်ခဲ့တာလို့လည်း ဆိုကြပါတယ်။

ကချင်ပြည်နယ် စစ်ပွဲတွေကြောင့် အပြစ်မဲ့ အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ဒုက္ခသည်များ တိုးများလာပြီး အဖက်ဖက်က အခက်အခဲတွေ ရင်ဆိုင်နေရချိန်မှာ နိုင်ငံတကာနဲ့ မြန်မာပြည်တွင်းရှိ ငြိမ်းချမ်းရေးလိုလားသူတွေက အပစ်အခတ် အမြန်ဆုံး ရပ်ပြီး ၂ ဖက်ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လမ်းပေါ် ရောက်လာစေဖို့ တိုက်တွန်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ တာပါ။

မကြာသေးခက် ရက်ပိုင်းအတွင်းကလည်း KIO/KIA ဘက်ကရော အစိုးရဘက်ကပါ ၂ ဘက် တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ အသီးသီး ထုတ်ပြန်ချက်တွေ လုပ်ခဲ့ပါသေးတယ်။

(ဧရာဝတီ Blog)

SHARE THIS
Previous Post
Next Post