ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲဟု ပရော်ဖက်ဆာ Roger Normand မေး

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၄။

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သတ်၍‘ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲ’ ဟု Justice Trust (USA) မှ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ Roger Normand က ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ကျင်းပပြုလုပ်သောလက်ပံတောင်းတောင်အရေးစာနယ်ဇင်းရှင်းလင်းပွဲ၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ဒီအရေးကြီးတဲ့မေးခွန်းကို ဒေသဆိုင်ရာ ပြည်သူတွေကလည်းမေးနေပါတယ်၊ အားလုံးကလည်း သိချင်နေတယ်။ ဒါတွေနဲ့ ပတ်သတ်ပြီး အစိုးရထိပ်ပိုင်းအရာရှိတွေမှာ အဓိက တာဝန်ရှိ
တယ်လို့ ထင်တယ်။ ဒီဒေသမှာ ရှိနေတဲ့ ရဲအရာရှိတွေ လက်ထဲမှာ ဒီလက်နက်တွေ သုံးဖို့ဆိုတာသူတို့ကိုယ်၌က ပစ်မိန့်တွေပေးဖို့ဆိုတာ မဖြစ်လောက်ဘူး။ ရဲဝန်ထမ်းတွေ ရာချီပြီး သပိတ်
စခန်းတွေ ဖြိုခွင်းတဲ့ပုံစံဟာ ကြိုတင်စီစဉ်ထားပုံရတယ်” ဟု ၄င်းက ပြောကြားသည်။

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုမှာ ဆယ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ယခုအချိန်ထိ ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို
ခန့်အပ်ခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ရဲဌာန၏ စီမံခန့်ခွဲမှု မပါဝင်သည့်အတွက် ရဲဌာနနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးမှု မရှိကြောင်း၊ ယင်းတွင် အသုံးပြုခဲ့သော လက်နက်များမှာ
လေ့ကျင့်ထားသည့် စစ်ဘက်ဆိုင်ရာဌာနများတွင်သာ အသုံးပြုရသည့် လက်နက်များဖြစ်ကြောင်း Roger Normand က ပြောကြားသည်။

“ဒီအကြမ်းဖက်ဖြိုခွဲမှုဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကိုသွားနေတဲ့နိုင်ငံမှာသိပ်အရုပ်ဆိုးလွန်းတယ်။ အစိုးရသစ်လက်ထက်မှာ ဖြစ်လာတဲ့ ဒီလိုကိစ္စတွေကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ ဒါဟာ မြန်မာနိုင်ငံအတွက်အရေးကြီးတဲ့စမ်းသပ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်”ယင်းကဆက်လက်ပြောကြားသည်။

ယင်းက ဆက်လက်၍ လက်ပံတောင်းဆန္ဒပြမှုသည် ဒေသခံပြည်သူများအနေဖြင့် ၄င်းတို့၏ အခွင့်အရေးအရ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းသာ ဖြစ်ပြီး အခြားဒီမိုကရေစီနိုင်ငံများတွင် ဖြစ်နေကျပုံစံမျိုးသာဖြစ်သည့်အတွက် ယခုကဲ့သို့ ဖြေရှင်းလိုက်သည့်ပုံစံမှာမြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်သလိုဖြစ်နေကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့်မေးခွန်းကို
မီဒီယာသမားများ အနေဖြင့် မေးမြန်းရန်တာဝန်ရှိကြောင်းပြောကြားသွားခဲ့သည်။

ရည်မွန်

မှ The Myanma Age

ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲဟု ပရော်ဖက်ဆာ 
Roger Normand မေး

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၄။

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သတ်၍
‘ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲ’ ဟု Justice Trust (USA) မှ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ Roger Normand က 
ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ 
ကျင်းပပြုလုပ်သော လက်ပံတောင်းတောင်အရေး စာနယ်ဇင်းရှင်းလင်းပွဲ၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။ 

“ဒီအရေးကြီးတဲ့မေးခွန်းကို ဒေသဆိုင်ရာ ပြည်သူတွေကလည်း
မေးနေပါတယ်၊ အားလုံးကလည်း သိချင်နေတယ်။ ဒါတွေနဲ့ 
ပတ်သတ်ပြီး အစိုးရထိပ်ပိုင်းအရာရှိတွေမှာ အဓိက တာဝန်ရှိ
တယ်လို့ ထင်တယ်။ ဒီဒေသမှာ ရှိနေတဲ့ ရဲအရာရှိတွေ လက်ထဲမှာ ဒီလက်နက်တွေ သုံးဖို့ဆိုတာ သူတို့ကိုယ်၌က ပစ်မိန့်တွေ
ပေးဖို့ဆိုတာ မဖြစ်လောက်ဘူး။ ရဲဝန်ထမ်းတွေ ရာချီပြီး သပိတ်
စခန်းတွေ ဖြိုခွင်းတဲ့ပုံစံဟာ ကြိုတင်စီစဉ်ထားပုံရတယ်” ဟု ၄င်းက ပြောကြားသည်။

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုမှာ ဆယ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ယခုအချိန်ထိ ထုတ်ပြန်ချက် 
တစ်စုံတစ်ရာ မရှိသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို 
ခန့်အပ်ခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ရဲဌာန၏ 
စီမံခန့်ခွဲမှု မပါဝင်သည့်အတွက် ရဲဌာနနှင့် ပတ်သတ်၍ စုံစမ်း
စစ်ဆေးမှု မရှိကြောင်း၊ ယင်းတွင် အသုံးပြုခဲ့သော လက်နက်များမှာ
လေ့ကျင့်ထားသည့် စစ်ဘက်ဆိုင်ရာဌာနများတွင်သာ အသုံးပြုရသည့် လက်နက်များဖြစ်ကြောင်း Roger Normand က ပြောကြားသည်။

“ဒီအကြမ်းဖက်ဖြိုခွဲမှုဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကို သွားနေတဲ့နိုင်ငံမှာ သိပ်အရုပ်ဆိုးလွန်းတယ်။ အစိုးရသစ်
လက်ထက်မှာ ဖြစ်လာတဲ့ ဒီလိုကိစ္စတွေကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် 
အရေးကြီးတဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်” ယင်းက ဆက်လက်ပြောကြားသည်။

ယင်းက ဆက်လက်၍ လက်ပံတောင်းဆန္ဒပြမှုသည် ဒေသခံ
ပြည်သူများအနေဖြင့် ၄င်းတို့၏ အခွင့်အရေးအရ ငြိမ်းချမ်းစွာ 
ဆန္ဒပြခြင်းသာ ဖြစ်ပြီး အခြားဒီမိုကရေစီနိုင်ငံများတွင် ဖြစ်နေကျ
ပုံစံမျိုးသာဖြစ်သည့်အတွက် ယခုကဲ့သို့ ဖြေရှင်းလိုက်သည့်ပုံစံမှာ
မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်သလို
ဖြစ်နေကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့်မေးခွန်းကို 
မီဒီယာသမားများ အနေဖြင့် မေးမြန်းရန်တာဝန်ရှိကြောင်း
ပြောကြားသွားခဲ့သည်။

ရည်မွန်

အေးချမ်းမွန်မှ  The Myanma Age တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

SHARE THIS
Previous Post
Next Post