ရီးရဲလ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် မန်ယူ အသင်းနှင့် တစ်ဘက် တစ်ဂိုးစီ သရေကျခဲ့သော အိမ်ကွင်း ချန်ပီယံလိဂ် ပွဲစဉ်တွင် အသင်းအတွက် ချေပဂိုး သွင်းယူ ပြီးနောက် သူ ၆ နှစ် ကျင်လည်ခဲ့သော အသင်းဟောင်း မန်ယူ အသင်းကို လေးစား၍ အောင်ပွဲ မခံခဲ့ပေ။
စီရိုနယ်ဒိုသည် ယင်းပွဲစဉ်တွင် ပထမပိုင်း၌ မန်ယူမှ ၀ဲလ်ဘက်၏ ဦးဆောင်ဂိုး သွင်းယူ အပြီး ရီးရဲလ် အသင်းအတွက် ချေပဂိုးကို ခေါင်းတိုက် သွင်းယူခဲ့သည်။ မန်ယူ အသင်းနှင့် အိမ်ကွင်းပွဲ အပြီးတွင် စီရိုနယ်ဒိုက မိမိအနေဖြင့် မန်ယူ အသင်းမှာ ၆ နှစ် နေခဲ့ဖူး၍ ယနေ့ညမှာ မိမိအတွက် အလွန် စိတ်လှုပ် ရှားစရာ ကောင်းခဲ့ကြောင်း ၊ မိမိ အသင်းအတွက် ဂိုးတစ်ဂိုး သွင်းခဲ့ကြောင်း ၊ ဒါပေမယ့် အသင်းဟောင်းကို လေးစားသော အားဖြင့် မိမိ သွင်းဂိုးအတွက် အောင်ပွဲမခံကြောင်း ၊ လက်ရှိတွင် မန်ယူ အသင်းက ကွာတား ဖိုင်နယ် အတွက် ရေပန်းစားမှု ရှိမရှိ ဘယ်သူမှ မသိနိုင်သလို မိမိတို့အတွက်လည်း ဘာမဆို ဖြစ်သွား နိုင်သော အနေအထားတွင် ရှိနေကြောင်း ၊ မိမိတို့လည်း အိမ်ကွင်းထက် အဝေးကွင်းမှာ ပိုကောင်း လာနိုင်ကြောင်း ၊ အိုးလ်ထရက်ဖို့ဒ်မှာ နောက်ဆုံး ၄ နှစ် အတွင်း ကစားရဦးမည် ဖြစ်၍ စိတ်လှုပ်ရှားစရာ ကောင်းကြောင်း ပြောကြား ခဲ့သည်။ မန်ယူ နည်းပြ ဖာဂူဆန်က စီရိုနယ်ဒိုသည် ပွဲအပြီးတွင် အသင်း အ၀တ်လဲခန်းသို့ လာရောက်၍ သူ၏ အသင်းဖော် ဟောင်းများနှင့် တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။