အူသိမ်၊ အူမ၊ အစာအိမ်၊ ပန်ကရိယနှင့် အသည်းတို့အား အစားထိုး ကုသထားသော အသက် ၂၆ နှစ် အရွယ်ရှိ ဖာတီမာအယ်လ်အန်ဆာရီ ဆိုသူ အမျိုးသမီးသည် မိုင်ယာမီ ဆေးရုံတွင် သမီးလေး တစ်ဦးအား အောင်မြင်စွာ
မွေးဖွားခဲ့သည်။ ယင်း အမျိုးသမီးသည် ကိုယ်တွင်း အဂါင်္ငါးခု အစားထိုး ကုသမှု ခံယူထား သော်လည်း ရင်သွေးငယ်အား အောင်မြင်စွား မွေးဖွားခဲ့သည့် ပထမဆုံး အမျိုး သမီး ဖြစ်သည်။ အမျိုး သမီးဖြစ်သည်။ သူမသည် ၂ဝဝ၇ ခုနှစ်က မိုင်ယာမီ ဆေးရုံတွင် ကိုယ်တွင်း အဂါင်္ အစားထိုး ကုသမှု ခံယူသူ တစ်ဦးဖြစ်သည်။ ဖာတီမာသည် ဖေဖော်ဝါရီ ၂၆ ရက်က ကလေး ငယ်အား ဗိုက်ခွဲ မွေးခဲ့ကြောင်း၊ ကလေးငယ်မှာ ကိုယ်အလေးချိန် လေးပေါင်နှင့် ခုနစ်အောင်စ ရှိကြောင်းနှင့် ကလေးငယ်အား အဲလ်ကာဒီ အဲလ်ဟာရဲလ်ဟု အမည်ပေးထားကြောင်း ဖာတီမာက သတင်းေ ထာက် များကို မတ် ၁၃ ရက်တွင် ပြော ကြားခဲ့သည်။ ဖာတီမာသည် ကာတာ နိုင်ငံတွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး လာမည့် ရက်သတ္တပတ် များတွင် နေရပ်သို့ ပြန်ရန် စီစဉ်ထားကြောင်း၊ သူမ သည် အသက် ၁၉ နှစ် အရွယ်က အူသိမ်၏ ပင်မ သွေးပြန်ကြောတွင် သွေးခဲမှု ဖြစ်ပွားမှုကြောင့် ကိုယ်တွင်း အင်္ဂါများ အစားထိုး ခွဲစိတ် ကုသခဲ့ခြင်းပင် ဖြစ်သည်။
အမေရိကန် နိုင်ငံ အမျိုးသား ကိုယ်တွင်းအင်္ဂါ အစားထိုးမှု ပြုလုပ်ထားသည့် ကိုယ်ဝန်ဆောင် မှတ်ပုံတင် ဌာနမှ မကြာ သေးမီက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖာတီမာကို ကိုယ်တွင်း အင်္ဂါငါးခု အစားထိုး ကုသမှု ခံယူထားသော်လည်း ကလေးငယ်အား အောင်မြင်စွာ မွေးဖွားခဲ့သည့် ကမ္ဘာ့ ပထမဆုံး အမျိုးသမီး အဖြစ် ဖော်ပြထားသည်။ ဥရောပတွင် ကိုယ်တွင်းအင်္ဂါ နှစ်ခု အစားထိုး ကုသ ထားသော ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကလေး မွေးဖွားမှု ဖြစ်ရပ်များ ရှိသော်လည်း ယခုကဲ့သို့ ကိုယ်တွင်းအင်္ဂါ ငါးခု အစားထိုး ကုသမှု ခံယူထားသော ကိုယ်ဝန်ဆောင် အမျိုးသမီးမျိုး မရှိကြောင်း သူမအား ကလေး မွေးဖွားပေးသည့် ဆရာဝန် ရှာလစ်ရှ်ဝိုင်ရာ ဆင်းက ပြောကြားသည်။ ဆရာဝန်များ၏ ကြိုတင် ပြင်ဆင်မှု များကြောင့် ဖာတီမာသည် ကိုယ်ဝန်ဆောင်စဉ် ရောဂါ ကြီးကြီးမားမား ဝင်ရောက်ခြင်း မရှိခဲ့သော်လည်း ကလေးငယ် ကြီးထွားလာမှုကြောင့် ဖျားနာခြင်း ၊သွေးထွက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ မအီမသာ ဖြစ်ခြင်း အပါအဝင် အသေး စား ရောဂါများကိုသာ ခံစား ခဲ့ရကြောင်း သိရသည်။ ။
ရည်မွန်
http://bit.ly/15hIcQG