လက်ကျန်ပွဲတွေကို သတိထားဖို့ ပြောခဲ့တဲ့ ဗီဒစ်

============================
မိမိတို့ အသင်းအနေဖြင့် ဒုတိယနေရာမှ အသင်းအား (၁၅)မှတ် ဖြတ်ထားနိုင်ပေမယ့် ပေါ့ဆလို့ မရသေးပါဘူးလို့ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ခံလူ နီမန်ဂျာဗီဒစ်က ထုတ်ဖော်ဝန်ခံ ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြိုင်ဘက်ရီးဒင်း အသင်း အား ၁-၀ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အဲဗာတန်အသင်းအား ၂-၀ဖြင့် အရေးနိမ့်ခဲ့သည့် ဒုတိယနေရာမှ မန်ချက်စတား စီးတီးအသင်းအပေါ် (၁၅)မှတ် အကွာဖြင့် ဦးဆောင်ပြီး ချန်ပီယံဖလားနှင့် လက်တကမ်း အကွာသို့ ရောက်ရှိလာခဲပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ဆာဘီး ယား နောက်ခံလူကတော့ ၎င်းတို့အနေဖြင့် ပွဲစဉ်တိုင်းအပေါ် သတိကြီးကြီးဖြင့် ချဉ်းကပ်ကစားဖို့ လိုအပ်နေသေး ကြောင်း မန်ယူတီဗီမှ တဆင့် သတိပေး စကားဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ သုံးမှတ် ရခဲ့ပေမယ့် လွယ်လွယ်ကူကူ ရခဲ့တာတော့ မဟုတ်ပါဘူး။နိုင်ငံတကာ ပွဲစဉ်ေ တွကြောင့် ခဏနားရမယ့် အချိန်ကာလမှာ စိတ်အေးလက်အေး ရှိဖို့ ကျွန်တော်တို့ ပွဲတွေကို အနိုင် ကစား ခဲ့ချင်ကြတာ မဟုတ်လား။ အခုတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ အခု ကျွန်တော်တို့ စဉ်းစားရ မှာ ကတော့ နောက်လာမယ့် ပွဲစဉ်တွေပါပဲ။ ”

“အခု ကျွန်တော်တို့ ဆယ့်ငါးမှတ် အသာနဲ့ ဦးဆောင်ထားနိုင်တာ ခင်ဗျားကတွေ့ရင် ဒီလိုထင်မှာပဲ။ ဒါဟာ ကြီးမားတဲ့ ကွာဟမှုပဲ အသင်းက ဘာမှ ပြောင်းလဲစရာ မလိုအပ်တော့ဘူးလို့။ ကျွန်တော်တို့ လက်ထဲမှာ အောင်မြင်မှုက ရောက်လာနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့မှာ ပွဲတွေ ကစားဖို့ ရှိနေပြီး အများအားဖြင့်တော့ ခက်ခဲတဲ့ အဝေးကွင်း ပွဲစဉ်တွေပါ။ ဒါဟာ ကျွန်တော်တို့ကို ဒုက္ခပေးနေကျ အစဉ် အလာ တစ်ခုလို ဖြစ်နေပြီ။ ပြိုင်ပွဲက ဘာမှ မပြီးဆုံးသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မှာလည်း ကောင်းမွန် တဲ့ အနေအထား ရှိနေပါတယ်။”

“ပြီးခဲ့တဲ့ ရာသီက ခြောက်လှန့်မှုမျိုးကို ပရိသက်တွေ အခုအချိန်ထိ ကြောက်ရွံ့ နေသေးတယ်ဆိုတာ ကျွန်တော်တို့ တစ်ခါတစ်လေ ခံစားမိပါတယ်။ ဒါမျိုးကို နောက်တစ်ကြိမ် ထပ်ဖြစ်ခွင့် မပေးနိုင်တော့ ပါဘူး။ အခု ကျွန်တော်တို့ ပုံစံကောင်းကို ပိုင်ဆိုင်ထားပါပြီ။ အေးအေးသက်သာ အနားယူပြီး ဘောလုံး ကို ပျော်ပျော်ရွှင်ရွှင် ကစားဖို့ပဲ လိုပါတော့တယ်။ ဒါက ကျွန်တော်တို့အတွက် အချိန်အခါ ကောင်းတစ် ခုပါ။” 

myanmarmanutd

SHARE THIS