မငွေနုဖြူသည် ရခိုင်ပြည့်ရှင် သီရိသူရိယစန္ဒမဟာရာဇာဘွဲ့မည်တော်
အရှေ့ပြည်မှ တောင်ငူဘုရင် တပင်ရွှေထီးသည် အင်အားကြီးမားသော စစ်တပ်ကို ပိုင်ဆိုင် ဖွဲ့စည်းနိုင်ရာ သက္ကရာဇ် ၉၀၆၊ ၉၀၇နှင့် ၉၀၈ ခုနှစ်တို့တွင် ရခိုင်ပြည်ကို ကျူးကျော်စစ် ၃ကြိမ် ဆင်နွှဲလာခဲ့သည်။ ပထမနှင့်ဒုတိယ အကြိမ်တို့တွင် အင်အားကြီးမားသော မြန်မာ စစ်တပ်တို့သည် ကုန်းကြောင်း၊ ရေကြောင်းဖြင့် ရခိုင်ပြည်ကို ချီတက်လာကာ ကျူးကျော် တိုက်ခိုက်သော်လည်း သံတွဲကိုပင်မရ၊ အသေမကြေ အပျက်အစီးများကာ မရှုမလှ ကြီးစွာရှုံးနိမ့်ခြင်းနှင့်သာ ကြုံတွေ့ရပြီး တပ်ဆုပ်ပြန်ခဲ့ရသည်။ တတိယ တစ်ကြိမ်တွင် မင်းတရားရွှေထီး ကိုယ်တိုင် ပိုမိုကြီးမားသော စစ်တပ်ကို ဦးစီးပြီး စစ်ဆင်လာပြန်သည်။ သည်တစ်ကြိမ်တွင် လောင်းကြက်မြို့အထိ ချီလာနိုင်သော်လည်း ရခိုင်ဘုရင့်၏ သားတော် အိမ်ရှေ့စံမင်း မင်းတိက္ခာ၊ ဒီဃာတို့ဦးစီးသော ရေတပ်၏တိုက်ခိုက်မှု၊ သားတော်မင်းဖလောင်း၏ ရိက္ခာဖြတ်တောက်တိုက်ခိုက်မှု၊ သမီးတော် ငွေနုဖြူ၏ ဣတ္ထိဗျူဟာဖြင့် စစ်ဆင်ခြင်း တို့ကို ခံရကာ မလူးသာ မလွန့်သာဖြင့် ချောင်ပိုက်ခံရကာ အရှုံးကြီးဖြင့် ကြုံရပြန်သည်။
ရခိုင်တပ်တို့၏ ခြံရံပိုက်ဆို့ခြင်းကို ခံရကား တပ်ဆုတ်ဖို့ရာကိုပင် မင်းတရားရွှေထီး မစွမ်းနိုင်တော့ချေ။ ထို့ကြောင့် ရခိုင်ဘုရင် မင်းဗာကြီးထံ စစ်ပြေငြိမ်းရန် အသနားခံ တင်လျှောက်ရတော့သည်။ အကယ်၍ ဘုရင်မင်းဗာသည် ကျူးကျော်ရန်ပြုလာသူ မြန်မာဘုရင် တပင်ရွှေထီး၏ ကမ်းလှမ်းလာမှုအပေါ် လက်မခံဘဲ အပြီးပိုင်ချေမှုန်းလိုက်လျှင် ဒုတိယမြန်မာနိုင်ငံတော်ကြီးသည်လ
မငွေနုဖြူသည် ရခိုင်အမျိုးသမီး ဘုရင့်သမီးတော်ဖြစ်သည့်အားလျော်
Writing by Thuyarzay
ဂုဏ်ရောင်တောက်ပြောင် ၊ စောဘုန်းခေါင်။ နီရောင်လရောင် အတူဆောင်၊ ဇာနိန်ရာမရှောင်၊ မေတ္တာဆောင်၊ ရန်နိုင်အောင်၊ ပြည်ဘောင်ရက္ခာ၊ နွယ်ညောင်ကြက်ပမာ တည်ထောင်လျက်သာ၊ တေဇာမညိုးပါ၊ အာဇာနီပြောင်ပြောင်၊ သတ္တိဇွဲကိုဆောင်၊ ဂုဏ်ရည်မညှိုး၊ ဇာနည်မျိုးဘောင်၊ ဗီဇအနွယ်၊ ဇာနီမျိုးဟေ့၊ ညီကြစီလေ၊ အောင်မည်မလွဲပေ၊ သူရဲကောင်းမယ်မောင်၊ ကိုယ့်လက်နက်ကိုင်ဆောင်၊ အမျိုးဘာသာ သာသနာအရောင် ထွန်းလင်းပြောင်အောင်၊ သင့်တာဝန်ဆောင်။
စစ်ချီသာချင်း(ရက္ခိုင်သေနင်္ဂါဗျူ
SHARE THIS