နိုင်ငံသားမဟုတ်သူများအား စည်ပင်လိုင်စင်ဝင်ဆွဲခွင့်ပြုမည်ကို ဘူးသီးတောင် မောင်တောမှ တိုင်းရင်းသားများ စိုးရိမ်နေ

.

By Maw Maw

စစ်တွေ ၊ ၀၄ မတ်လ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

စည်ပင်သာယာရေးဌာန က ကိုင်တွယ်သည့် စည်ပင်အခွန်များ လိုင်စင်များကို လေလံဆွဲရန်အတွက် ၀င်ခွင့်ချလံ ပေးသွင်းရန် ယနေ့ မတ်လ (၄)ရက်နေ့မှ (၇)နေ့အထိခွင့်ပြုကာ ရှစ်ရက်နေ့ လေလံဆွဲကြတော့မည် ဖြစ်ရာ ရှေးယခင်ဖြစ်စဉ်များကဲ့သို့ နိုင်ငံသားမဟုတ်သူများကို လေလံဆွဲခွင့်ပြုမည်ကို ဘူးသီးတောင် မောင်တောနေ တိုင်းရင်းသားများ စိုးရိမ်နေကြသည် ဟု ဆိုသည်။ 

ယမန်နေ့ မတ်လ (၃) ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာပါ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြော်ငြာတွင်မူ “နိုင်ငံသားလုပ်ငန်းရှင်များ” ကိုသာ လမ်းတံတား အသုံးပြုခွန် ကောက်ခံခွင့် လိုင်စင်ကို လေလံဆွဲ ၀ယ်ယူကြရန် ကြေငြာထားသည်ကို တွေ့ရသည်။ 

လွန်ခဲ့သော လေးနှစ်ခန့်က မောင်တောမြို့နယ်အတွက် ဈေးကောက်ခွန်များကို ကုလား ငွေရှင်ကြေးရှင် နှင့် ၄င်းတို့၏ လက်ဝေခံများက ရယူထားခဲ့ကြရာ မြို့ဝင်လမ်းများပေါ်တွင် ကားပေါ်မှ ပစ္စည်းချသည်ကိုပင် ကုလားများက ဈေးကောက်ကောက်ကြသဖြင့် ရခိုင်ကုန်သည်များက စုပေါင်းတရားစွဲကြရာ၊ တစ်ဖက်မှ စည်ပင်ဌာန (သို့မဟုတ်) စည်ပင်ဌာန၏ ကိုယ်စားလှယ်ဖြစ်သူ ကုလားကန်ထရိုက်တာမှာ ရှုံးနိမ့်သွားခဲ့ဖူးသည်။ 
မောင်တောမြို့နယ်မှ အစိုးရဌာနပေါင်းစုံတို့သည် တိုင်းရင်းသားပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို နစ်နာစေလျက် ကြီးစွာ အကျင့်ပျက်လဘ်စား တတ်သည့် အစဉ်အလာ ရှိဖူးသည်။

( Coral Arakan News အတွက် မော်မော် ရေးသားသည် )

စစ်တွေ ၊ ၀၄ မတ်လ ၂၀၁၃ ၊

 Coral Arakan News ၊ [ သတင်း ]

SHARE THIS