အီဂျစ် အကျဉ်းသားများ ရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ ပို့ဆတ်မြို့တွင် ပဋိပက္ခများ ဖြစ်ပွား

အီဂျစ် အကျဉ်းသားများ ရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ ပို့ဆတ်မြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ဆန္ဒပြသူ များအကြား ပဋိပက္ခများ ဖြစ်ပွား

အကျဉ်းသားများ ရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ ပို့ဆတ်မြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား မတ်လ ၃ ရက်နေ့က ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း အီဂျစ် ပြည် ထဲရေး ဝန်ကြီး ဌာနမှ အရာရှိ များက ပြောကြား ခဲ့ပါသည်။

ဆူပူ အုံကြွမှုများကို တားဆီးရန် အလို့ငှာ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလက ပြည်သူ ၇ဝ ကျော် သေဆုံးခဲ့သော ဘောလုံးပွဲ ပဋိပက္ခနှင့် ပတ်သက်၍ စီရင်ချက်အား စောင့်မျှော်နေသော အကျဉ်းသား ၃၉ ဦး အကျဉ်းထောင် ရွှေ့ပြောင်းမှုကို ပြည်ထဲရေး ဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ ပြီးနောက် ဆန္ဒပြ သူများနှင့် ရဲတပ်ဖွဲ့ဝင် များအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း MENA သတင်း ဌာနက ထုတ်ပြန်ခဲ့ပါသည်။

အကျဉ်းသား များ၏ မိသားစုဝင် ၂ဝဝ ကျော်သည် ၎င်းတို့၏ မိသားစုဝင် အကျဉ်းသားများ အမည်မသိ အကျဉ်းထောင်သို့ ရွှေ့ပြောင်း မှုနှင့် ပတ်သက်၍ သိရှိ ရချိန်တွင် ပို့ဆတ်မြို့ လုံခြုံရေး အဆာက်အဦ အပြင်ဘက်တွင် စုဝေး ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

http://bit.ly/XRz9Td

SHARE THIS
Previous Post
Next Post