သူရဦးအောင်ကို ၏ အရေးကြီးအဆိုနှင့်ပတ်သက်၍ ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးမှဆွေးနွေးခြင်း



မော်တော်ယာဉ်တိုက်ခိုက်မှုအပါအဝင် ခိုက်ရန်ဖြစ်ပွားမှု များဟာ ပြစ်မှု ဆိုင်ရာဥပဒေပါ ရဲအရေးယူပိုင်ခွင့်‌ရှိတဲ့ ပြစ်မှုမှာ အကျုံးဝင်တဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိသူကို ဆေးရုံမှာ ဆေးကု သမှုခံယူရာမှာ သက်ဆိုင်ရာ ရဲစခန်း၏ ပြစ်မှုနှင့်သက်ဆိုင်တဲ့ ဆေးစာပါရှိ မှသာ ဆေးရုံက လက်ခံ ကုသပေးကြောင်းကို သာမန်အားဖြင့် နားလည်နေကြပါကြောင်း၊

အမှန်တော့ ရဲဆေးစာ အချိန်မီမရောက်လည်း အရေးပေါ်ကုသပေးရန် လိုအပ်ပါက ဆေးရုံတွေက အမြန်ဆုံးကုသ ကုသပေးရန် လိုအပ်ကြောင်း ကို ပြည်သူများသာမက ဆေးရုံများကပါ ကျယ်ကျယ် ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

အလားတူ ပြစ်မှုနှင့်‌ အကျုံးဝင်တဲ့ ထိခိုက်ဒဏ်ရာလူနာများကို ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအနေနဲ့လည်း ကုသခွင့် မရှိဘူးလို့ နားလည်နေကြပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ (ဆ)မှာ မည်သည့် အရေးပေါ်လူနာကိုမဆို အသက်ကယ် လုပ်ငန်းများ ဆောင်ရွက် ကုသပေးခြင်းနှင့် လိုအပ်ပါက ညွှန်းပို့ခြင်း ဆိုတာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် ဒီအချက်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်သင့်ပါကြောင်း တင်ပြပါသည်။

ထိခိုက်ဒဏ်ရာရရှိသော လူနာများကို အချိန်မီ ဆေးကု သနိုင်ရန် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးရောက်ရှိရန်လိုအပ်သည့်အတွက် အများပြည်သူကလည်း အကူအညီပေးရန်လိုပါကြောင်း၊

အခင်းဖြစ်ပွားရာနေရာရှိ သက်ဆိုင်သော ရဲစခန်းအနေဖြင့် အခင်းဖြစ်ပွားသည့် နေရာကို အချိန်မီသိရှိပြီး အခင်းဖြစ်ပွားရာနေရာကို အမြန်ဆုံးနည်းဖြင့် သွားရောက်ပြီး လူနာကို ရဲဆေးစာ အစီရင်ခံစာနှင့်အတူ ဆေးရုံကို အချိန်မီတင်ပို့ပေးရန်လည်း လိုအပ်ပါကြောင်း၊

ပြည်သူ့ဆေးရုံတွေ အနေဖြင့်လည်း လူနာရရှိတဲ့ဒဏ်ရာ အခြေအနေကို မူတည်ပြီး အမြန်ဆုံး၊ အကောင်ဆုံး ကုသပေးဖို့ လိုအပ်ခြင်းများဟာ အဆိုနှင့် ဆက်စပ်လျက်ရှိသော ဆောင်ရွက်သင့်သည့် အချက်များဖြစ်ပါကြောင်း၊ ပြည်သူများနေဖြင့် မိမိတိုနှင့် သက်ဆိုင်သော မူခင်းများကို ဖြစ်ပေါ်တာကိုတွေ့ရှိတဲ့အခါ ပါဝင် ကူညီဆောင်ရွက်ရန် ဆန္ဒရှိသော်လည်း အမှုအခင်းများနှင့် ပတ်သက်ရမည်ကို စိုးရိမ်ခြင်း၊

ရဲစခန်းက မေးမြန်းစုံစမ်းခြင်းများကို မခံယူလိုခြင်း၊ တရားရုံးများကို သက်သေအဖြစ် သွားရောက်အစစ်မခံ လိုခြင်း စသည့် အယူ အဆတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ လူနာများကို ဆေးရုံ၊ ဆေးခန်းကို ပို့ဆောင် ပေးဖို့ ဝန်လေးလျှက်ရှိကြပါကြောင်း၊

ထို့အတွက်ကြောင့် မတော်တဆဖြစ်မှုတွေမှာ ထိခိုက်ဒဏ်ရာရသည့် လူနာများ ဆေး ရုံ၊ ဆေးခန်းကို အချိန်မီမရောက်ဘဲ အသက်ဆုံးရှုံးရခြင်းများ လည်း ရှိပါကြောင်း၊ ထိအတွက်ကြောင့် ပြည်သူတစ်ယောက်အနေဖြင့် ဤအခြေအနေမျိုး ကြုံတွေ့ရပါက ဆောင်ရွက်သင့်သည်ကို ရပ်ကွက် ကျေးရွာများတွင် ပညာပေးဆွေးနွေးခြင်း၊

သတင်းမီဒီယာတွေက ပညာပေးတာတွေကို ပြုလုပ်ပေးသင့်ပါကြောင်း၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းမှ တာဝန်ရှိသူများနေဖြင့်လည်း ကူညီတဲ့ပြည်သူ တွေရဲ့ စေတနာကို နားလည်ခြင်းဖြင့် တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်။

ရဲတပ်ဖွဲ့အနေဖြင့်လည်း ယာဉ်တိုက်မှုအပါအဝင် ခိုက်ရန်ဖြစ်ပွားမှုတွေမှာ ထိခိုက်ဒဏ်ရာ ရရှိတဲ့လူနာကို အသက်ဆုံးရှုံးရတာတွေ မဖြစ်ပေါ်စေဖို့အတွက် မှုခင်းဖြစ်ပွားကြောင်း ဖုန်းဖြင့် ဖြစ်စေ၊

လူကိုယ်တိုင်ဖြစ်စေ သတင်းပေးတာကို လက်ခံရရှိတာနဲ့ အခင်းဖြစ်တဲ့နေရာကို အမြန်ဆုံး သွားရောက် နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ဒဏ်ရာရရှိသည့်လူနာ ဆေးကု မှုခံနိုင်ဖို့အတွက် ရဲဆေးစာနှင့်အတူ ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးခြင်း စသည့်ကိစ္စများ လိုအပ်လို့ရှိရင် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ ထုတ်ပြန်သင့်ပါကြောင်း၊

ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြစ်မှုနဲ့ ဆက်စပ်တဲ့ ဒဏ်ရာရရှိတဲ့လူနာ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများ အမြန်ဆုံးနှင့် အကောင်းဆုံး ကုသမှုဆောင်ရွက်ပေးနိုင်ဖို့အတွက် လိုအပ်လို့ရှိရင် ထပ်မံပြီးတော့ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များ ထုတ်ပြန်သင့်ပါကြောင်း သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ အဆိုဟာ အတည်ပြု သင့်ပါကြောင်း ထောက်ခံတင်ပြပါသည်။

ပြည်သူ့လွှတ်တော်

SHARE THIS