ယခင်က
မြန်မာနိုင်ငံကူး လက်မှတ် ပြုလုပ်ရာမှာ ဆေးပညာ ဘွဲ့ရရှိပြီးသူ ဆရာဝန်တွေ
အနေနဲ့ ဘွဲ့လျော်ကြေး အဖြစ် ၁၀ သိန်း ပေးဆောင် ရပေမယ့်လည်း
အဲ့ဒီလို ပေးဆောင် ရခြင်းကို ယခုအခါ ဖြေလျော့ ပေးလိုက်ပြီ ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ဖြေလျော့ပေး ရာမှာလည်း ယခင်က ပညာရေး လျော်ကြေး အနေနဲ့ ပေးဆောင်ရတဲ့ ရိုးရိုးဘွဲ့ အတွက် လျော်ကြေး တစ်သောင်း နှစ်ထောင်နဲ့ အင်ဂျင်နီယာဘွဲ့ အတွက် ပေးဆောင်ရတဲ့ လျော်ကြေး ငွေတွေကိုပါ ဖြေလျော့ ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံကူး လက်မှတ် ပြုလုပ်ရာမှာ အချိန်ကုန် သက်သာစေဖို့ ရည်ရွယ်ပြီး ယခုအခါ ပုံစံ ၁၇ နဲ့ ၁၉ တို့ကိုလည်း ဖြေလျော့ ပေးလိုက်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထဲရေး ၀န်ကြီးဌာန အောက်ရှိ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောပြချက် အရ အဆိုပါ အချက်များ ဖြေလျော့ ပေးလိုက်တဲ့ အတွက် နိုင်ငံကူး လက်မှတ်လုပ်ဖို့ လျှောက်ထားရာမှာ ကုန်ကျစရိတ် ၂၃၀၀၀ ခန့်သာ ကုန်ကျတော့ပြီ နိုင်ငံကူး လက်မှတ်ထုတ်ဖို့ အတွက် စလစ်တွေ ကိုလည်းနေခြင်း ရရှိအောင် ဆောင်ရွက် ပေးလျက်ရှိ တယ်လို့ သိရပါတယ်။
MRtV 4