အပစ်အခတ်ရပ်စဲရေးစာချုပ် အဆုံးသတ်၊ တောင်ကိုးရီးယားတို့ ပဋိပက္ခအတွက်ပြင်ဆင်

မတ် ၁၄ ရက်၊၂၀၁၃

ကိုးရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့သည့် နှစ်ပေါင်း၆၀ကျော်ကြာ အပစ်အခတ်ရပ်စဲခြင်းစာချုပ်ကို ဖောက်
ဖျက်လိုက်ကြောင်း မြောက်ကိုးရီးယားက ကြေညာလိုက်သည်။

မြောက်ကိုးရီးယားအစိုးရ၏ စစ်ရေးပြလှုပ်ရှားမှုများကြောင့်တောင်ကိုးရီးယားပြည်သူများသည် အစားအသောက်နှင့်တခြား အခြေခံလိုအပ်သော ပစ္စည်းများ စတင်စုဆောင်းနေကြကြောင်း သိရသည်။

မြောက်ကိုးရီးယားသည်နှစ်နိုင်ငံကြားချုပ်ဆိုခဲ့သောသဘောတူချက်စာချုပ်မှရုန်းထွက်လိုက်ပြီဖြစ်ကြောင်း မြောက်ကိုးရီးယား
အစိုးရပိုင် ကိုးရီးယား ဗဟိုသတင်းဌာနမှ ထုတ်ပြန်သော သတင်း တစ်ရပ်ကြောင့် အမေရိကန်နိုင်ငံနှင့် တောင်ကိုးရီးယားနိုင်ငံများက အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်စာချုပ်သည် ယခုချိန်တွင် ကျိုးပျက်သွားပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

မြောက်ကိုးရီးယားအစိုးရကလည်း “စစ်တပ်နှင့်ပြည်သူတို့၏ ရက်စက်သော လက်စားချေမှု” သည် လက်ရှိအ ခြေအနေများအပေါ်တစ်ခု တည်းသော တရားမျှတစေမှု ဖြစ်ကြောင်းနှင့် ဝါရှင်တန်
အစိုးရနှင့် ဆိုးလ်အစိုးရတို့သည်လည်း “စစ်သံ” ပေးနေကြကြောင်း စွပ်စွဲပြောကြား လိုက်သည်။

လွန်ခဲ့သသည့်ရက်သတ္တပတ်က မြောက်ကိုးရီးယားအစိုးရသည်အမေရိကန်နှင့် တောင်ကိုးရီးယား နှစ်နိုင်ငံပူးတွဲစစ်ရေး
လေ့ကျင့်မှုကိုမရပ်လျှင်၁၉၅၃အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ဖောက်ဖျက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုအရ ကုလသမဂ္ဂအသိအမှတ်ပြု သဘောတူညီချက် စာချုပ်ကို တစ်ဖက်သတ်ဖောက်ဖျက်မရကြောင်းတုံ့ပြန်ပြောဆို လိုက်သည်။

“စာချုပ်ပါ သဘောတူညီချက်တွေအရ တစ်ဖက်သတ် ချိုးဖောက်မှု လုပ်လို့မရဘူး”ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာတင်နက် ဆာကီက ပြောကြားသည်။

ယခု ခြိမ်းခြောက်မှုသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ၊ ယခုခြိမ်း
ခြောက်မှုသည် သေချာပေါက်လုပ်ဆောင်ရန် လုပ်ဆောင်ဖွယ်
ရှိသည်။ ယခင် ကတည်းက ခြိမ်းခြောက်မှုများ၊ စစ်တိုက်ရန်
ပြင်ဆင်နေပုံများကို ထုတ်ပြန်ဖူးသည်။

မကြာသေးမီရက်ပိုင်းအတွင်း မြောက်ကိုးရီးယားထိပ်တန်း
အရာရှိ ကင်ဂျုံအန်သည် စစ်တပ်ဖွဲ့များသို့ သွားရောက်
စစ်ဆေးပြီး စစ်အတွက် အသင့် ပြင်ထားကြရန် ပြောကြား
ခဲ့သည်။ စစ်တပ်အရာရှိများကိုလည်း နယ်စပ်မျဉ်းအနီးရှိ
Baengnyeong ကျွန်းဘက်သို့ လက်နက်ချိန်ရွယ်ရန် အသင့်ပြင်ထားဖို့ ပြောကြားခဲ့သည်။

တောင်ကိုးရီးယားသတင်းဌာနတစ်ခုဖြစ်သော ယွန်ဟတ်(ပ်)မှ သတင်းအရ မြောက်ကိုးရီးယားသည် တိုက်လေယာဉ်များ
စုဆောင်းနေပြီး လွန်ခဲ့သည့် တနလာင်္တစ်ရက်တည်းတွင်ပင်
အစင်း၇၀၀ခန့် ရှိကြောင်း သိရသည်။

တောင်ကိုးရီးယားပြည်သူတို့သည် မကြာသေးခင်ကမှ မြောက်
ကိုးရီးယား၏ ခြိမ်းခြောက်မှုကို ပိုမိုသိလာကြသည်။ ယခင်
မြောက်ကိုးရီးယား၏ တတိယအကြိမ်မြောက် နျုကလီယား စမ်းသပ်မှုမတိုင်ခင် ပြည်သူများ၏ ၇.၈ရာနှုန်းသာ သိရှိကြပြီး ယခုအချိန်တွင် နှစ်ဆမျှ တိုးတက်လာပြီ ဖြစ်သည်။ ပြည်သူ
များသည် ရေရှည်အတွက် အစားအသောက်များနှင့် အခြေခံ
လိုအပ်သော ကုန်ပစ္စည်းများကို စုဆောင်းမှုကြောင့် လွန်ခဲ့သော တစ်ပတ်မှစကာ ဝယ်လိုအားများလာခဲ့သည်။

မြောက်ကိုးရီးယား၏မကြာသေးမီကစမ်းသပ်ခဲ့သောနျူကလီယားစမ်းသပ်မှုကြောင့် နှစ်နိုင်ငံတင်းမာလာခဲ့ပြီး အမေရိကန်နှင့် တောင်ကိုးရီးယား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် မြောက်ကိုးရီးယားတို့ ဒေါသထွက်ခဲ့
ကြသည်။ ယင်းကြောင့်ပင် မြောက်ကိုးရီးယားတို့သည် အမေရိကန်နှင့် တောင်ကိုးရီးယားတို့ကို ရည်ရွယ်ကာခြိမ်းခြောက်မှုများ၊ နယူးကလီယားစမ်းသပ်မှုများလုပ်ဆောင်ခဲ့သည်။
မြန်မာ့ခေတ်

အပစ်အခတ်ရပ်စဲရေးစာချုပ် အဆုံးသတ်၊
တောင်ကိုးရီးယားတို့ ပဋိပက္ခအတွက်ပြင်ဆင်

မတ် ၁၄ ရက်၊၂၀၁၃

ကိုးရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့သည့် နှစ်ပေါင်း
၆၀ကျော်ကြာ အပစ်အခတ်ရပ်စဲခြင်းစာချုပ်ကို ဖောက်
ဖျက်လိုက်ကြောင်း မြောက်ကိုးရီးယားက ကြေညာ
လိုက်သည်။

မြောက်ကိုးရီးယားအစိုးရ၏ စစ်ရေးပြလှုပ်ရှားမှုများကြောင့်
တောင်ကိုးရီးယားပြည်သူများသည် အစားအသောက်နှင့်
တခြား အခြေခံလိုအပ်သော ပစ္စည်းများ စတင်စုဆောင်း
နေကြကြောင်း သိရသည်။

မြောက်ကိုးရီးယားသည် နှစ်နိုင်ငံကြားချုပ်ဆိုခဲ့သော သဘောတူ ချက်စာချုပ်မှ ရုန်းထွက်လိုက်ပြီဖြစ်ကြောင်း မြောက်ကိုးရီးယား
အစိုးရပိုင် ကိုးရီးယား ဗဟိုသတင်းဌာနမှ ထုတ်ပြန်သော သတင်း တစ်ရပ်ကြောင့် အမေရိကန်နိုင်ငံနှင့် တောင်ကိုးရီးယားနိုင်ငံများက အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်စာချုပ်သည် ယခုချိန်တွင် ကျိုးပျက်သွားပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

မြောက်ကိုးရီးယားအစိုးရကလည်း “စစ်တပ်နှင့်ပြည်သူတို့၏ ရက်
စက်သော လက်စားချေမှု” သည် လက်ရှိအ ခြေအနေများအပေါ်
တစ်ခု တည်းသော တရားမျှတစေမှု ဖြစ်ကြောင်းနှင့် ဝါရှင်တန်
အစိုးရနှင့် ဆိုးလ်အစိုးရတို့သည်လည်း “စစ်သံ” ပေးနေကြကြောင်း စွပ်စွဲပြောကြား လိုက်သည်။

လွန်ခဲ့သသည့် ရက်သတ္တပတ်က မြောက်ကိုးရီးယားအစိုးရ
သည် အမေရိကန်နှင့် တောင်ကိုးရီးယား နှစ်နိုင်ငံပူးတွဲစစ်ရေး
လေ့ကျင့်မှုကို မရပ် လျှင်၁၉၅၃ အပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ်ကို ဖောက်ဖျက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုအရ ကုလသမဂ္ဂအသိအမှတ်ပြု သဘော
တူညီချက် စာချုပ်ကို တစ်ဖက်သတ်ဖောက်ဖျက်မရကြောင်း
တုံ့ပြန်ပြောဆို လိုက်သည်။

“စာချုပ်ပါ သဘောတူညီချက်တွေအရ တစ်ဖက်သတ် ချိုးဖောက်မှု လုပ်လို့မရဘူး”ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာတင်နက် ဆာကီက ပြောကြားသည်။

ယခု ခြိမ်းခြောက်မှုသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ၊ ယခုခြိမ်း
ခြောက်မှုသည် သေချာပေါက်လုပ်ဆောင်ရန် လုပ်ဆောင်ဖွယ်
ရှိသည်။ ယခင် ကတည်းက ခြိမ်းခြောက်မှုများ၊ စစ်တိုက်ရန်
ပြင်ဆင်နေပုံများကို ထုတ်ပြန်ဖူးသည်။

မကြာသေးမီရက်ပိုင်းအတွင်း မြောက်ကိုးရီးယားထိပ်တန်း
အရာရှိ ကင်ဂျုံအန်သည် စစ်တပ်ဖွဲ့များသို့ သွားရောက်
စစ်ဆေးပြီး စစ်အတွက် အသင့် ပြင်ထားကြရန် ပြောကြား
ခဲ့သည်။ စစ်တပ်အရာရှိများကိုလည်း နယ်စပ်မျဉ်းအနီးရှိ
Baengnyeong ကျွန်းဘက်သို့ လက်နက်ချိန်ရွယ်ရန် အသင့်ပြင်ထားဖို့ ပြောကြားခဲ့သည်။

တောင်ကိုးရီးယားသတင်းဌာနတစ်ခုဖြစ်သော ယွန်ဟတ်(ပ်)မှ သတင်းအရ မြောက်ကိုးရီးယားသည် တိုက်လေယာဉ်များ
စုဆောင်းနေပြီး လွန်ခဲ့သည့် တနလာင်္တစ်ရက်တည်းတွင်ပင်
အစင်း၇၀၀ခန့် ရှိကြောင်း သိရသည်။

တောင်ကိုးရီးယားပြည်သူတို့သည် မကြာသေးခင်ကမှ မြောက်
ကိုးရီးယား၏ ခြိမ်းခြောက်မှုကို ပိုမိုသိလာကြသည်။ ယခင်
မြောက်ကိုးရီးယား၏ တတိယအကြိမ်မြောက် နျုကလီယား စမ်းသပ်မှုမတိုင်ခင် ပြည်သူများ၏ ၇.၈ရာနှုန်းသာ သိရှိကြပြီး ယခုအချိန်တွင် နှစ်ဆမျှ တိုးတက်လာပြီ ဖြစ်သည်။ ပြည်သူ
များသည် ရေရှည်အတွက် အစားအသောက်များနှင့် အခြေခံ
လိုအပ်သော ကုန်ပစ္စည်းများကို စုဆောင်းမှုကြောင့် လွန်ခဲ့သော တစ်ပတ်မှစကာ ဝယ်လိုအားများလာခဲ့သည်။

မြောက်ကိုးရီးယား၏ မကြာသေးမီက စမ်းသပ်ခဲ့သော
နျူကလီယားစမ်းသပ်မှုကြောင့် နှစ်နိုင်ငံတင်းမာလာခဲ့ပြီး အမေရိကန်နှင့် တောင်ကိုး ရီးယား နှစ်နိုင်ငံ ပူးတွဲစစ်ရေး
လေ့ကျင့်မှုကြောင့် မြောက်ကိုးရီးယားတို့ ဒေါသထွက်ခဲ့
ကြသည်။ ယင်းကြောင့်ပင် မြောက်ကိုးရီးယားတို့သည် အမေရိကန်နှင့် တောင်ကိုးရီးယားတို့ကို ရည်ရွယ်ကာ
ခြိမ်းခြောက်မှုများ၊ နယူးကလီယားစမ်းသပ်မှုများ
လုပ်ဆောင်ခဲ့သည်။

Ref: RTnews

မြန်မာ့ခေတ်


SHARE THIS
Previous Post
Next Post