အာရှပတ်လည် မြှားပစ်ပြိုင်ပွဲတွင် မြန်မာမြှားပစ်အဖွဲ့ ရွှေ (၁)ခုရရှိ

မတ် ၁၄ ရက်၊၂၀၁၃

ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သော အောင်ငှိမ်း ထိုင်းနိုင်ငံ တွင် ပြီးခဲ့သည့်မတ်လ (၁၁)ရက်မှ (၁၄)ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် အာရှပတ်လည် မြှားပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည့် မြန်မာမြှားပစ်အဖွဲ့သည် ရွှေ(၁)ခုရရှိခဲ့ကြောင်း သိရသည်။
မြန်မာမြှားပစ်အဖွဲ့အတွက် ရွှေဆုကို အောင်ငှိမ်းက အမျိုးသမီးတစ်ဦးချင်း Compound အမှတ်ပေးပြိုင်ပွဲတွင် (၉.၆)မှတ်ဖြင့် ရရှိခဲ့ပြီး ငွေဆုကို တရုတ်တိုင်ပေ၊ ကြေးဆုကို မလေးရှားတို့က ရရှိခဲ့ကြသည်။ ယင်းပြိုင်ပွဲကို မြန်မာမြှားပစ်အဖွဲ့သည် အမျိုးသမီးကစားသမားများဖြင့်သာ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ပြိုင်ပွဲကို နိုင်ငံပေါင်း (၂၆)နိုင်ငံမှ ကစားသမား (၂၂၄)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
eleven

SHARE THIS
Previous Post
Next Post