အမျိုးသား လူ့အခွင့် အရေး ဘာသာရပ် အလုပ်ရုံ ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်နှင့် ဆွီဒင်နိုင်ငံ Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI) တို့ပူးပေါင်း၍ ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးမှု အစီ အစဉ်၏ ပံ့ပိုးမှုဖြင့် ကျင်းပသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ဘာသာရပ် အလုပ်ရုံ ဆွေးနွေးပွဲ သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ကော်မရှင်ရုံး သင်တန်းများအား လူ့အခွင့်အရေး ဗဟုသုတ တိုးပွားစေရန် နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့ အစည်းများ ဖွဲ့စည်းမှု ယန္တရားနှင့် အယူအဆ များကို သိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဆွီဒင်နိုင်ငံ (RWI) မှ ပညာရှင် Ms. Miriam Yolanda Estrada-Castillo က ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးမှု အစီအစဉ်၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ကိစ္စရပ် များကို သင်ကြားပို့ချ သွားမည် ဖြစ်၍ သင်တန်းကို မတ် ၁၅ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

http://bit.ly/10KB0Q4

SHARE THIS