“ဆက်သွယ်ရေးအရာရှိအချို့ နိုင်ငံပိုင်ငွေ အလွဲသုံးသံသယဖြင့် စစ်ဆေးခြင်း မပြီးပြတ်သေး”

ဆက်သွယ်ရေး အရာရှိ အချို့မှာ လက်ရှိအချိန်အထိ စစ်ဆေးမှု ခံနေရဆဲဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ဒုတိယအပတ်မှ စတင်ပြီး နိုင်ငံပိုင် ငွေကြေးအလွဲ သုံးစားလုပ်မှုသံသယဖြင့် ဆက်သွယ်ရေးအရာရှိများအား စစ်ဆေးမှုသည် ယနေ့အချိန်အထိ မပြီးသေးပေ။

”လောလောဆယ်တော့ ဆက်သွယ်ရေးဘက်နဲ့ အဆက် အသွယ်ပြတ်နေပါတယ်။ အလုပ်တော့ ပြန်ဝင်ကြဖို့ ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ စသုံးလုံးရုံးမှာပဲ ရှိနေပါသေး တယ်” ဟု စစ်ဆေးခံရသည့် ဆက်သွယ်ရေး အရာရှိတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်ဆေးမှုများ စတင်ပြုလုပ်သည့် ကာလတွင် ဖုန်းဆက် သွယ် ပြောဆိုမှုများအား တားမြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ဖုန်းဆက်သွယ်မှုများကို ပြန်လည် ခွင့်ပြုထားသည်ဟု ၄င်းက ဆက် လက်ပြောသည်။

လက်ရှိတွင်အဆိုပါ အရာရှိ များကို ပြည်ထောင်စုစာရင်းစစ် ချုပ်မှ စစ်ဆေးတွေ့ရှိချက်အပေါ် အထူးစုံစမ်းစစ်ဆေးရေးမှ ပူးပေါင်းစစ်ဆေးနေခြင်းဖြစ်ပြီး စစ် ဆေးရက်ကို အကန့်အသတ် မထားခဲ့ကြောင်း (ပ) ၆/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄ဝ၉ ဖြင့် အမှုဖွင့်စစ်ဆေးခြင်း ဖြစ် ကြောင်း သိရသည်။

ဆက်လက် ထွက်ပေါ်နေသည့် သတင်းများအရ အဆိုပါ အရာရှိများ စစ်ဆေးမှုပြီးစီးမှသာ ရောင်းချရန် ပြင်ဆင်ထားသည့် မိုဘိုင်းဖုန်းဈေးနှုန်းများကို သတ် မှတ်၍ ရောင်းချပေးသွားမည်ဖြစ် ပြီး ရောင်းချပေးမည့်ရက် ဧပြီ ၁ ရက်နေ့ဟု သတ်မှတ်ထား ကြောင်း သမ္မတရုံးဝန်ကြီးဦးစိုး သိန်းထံမှ သိရသည်။

Posted From Ko Thantun

SHARE THIS
Previous Post
Next Post