ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် သဲသောင်များ ပေါ်ထွန်း

ချင်းတွင်းမြစ်သည် မကွေးတိုင်း ဒေသကြီး ရေစကြို မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့နယ် ကြားမှ ဖြတ်သန်း စီးဆင်းသော မြစ်တစ်စင်း ဖြစ်ပြီး ရေစကြို မြို့နယ်၏ နယ်စပ် တစ်လျှောက် ရေမိုင် ၁၉ မိုင်ခန့် ထိစပ် စီးဆင်းသည်။

မြို့နယ်အတွင်း ချင်းတွင်းမြစ် ဖြတ်သန်း စီးဆင်းမှုကြောင့် ကျေးရွာ အုပ်စု ၄ဝ နီးပါးသည် မြစ်ရေဝင် ဒေသဖြစ်၍ နုန်းတင်မြေနု ကျွန်းများ၌ သီးနှံမျိုးစုံ စိုက်ပျိုး ထုတ်လုပ်နိုင်သည့် အကျိုးကို ရရှိနေသည်။
ယခုအခါ ချင်းတွင်းမြစ် တစ်လျှောက် သဲသောင် အများအပြား ပေါ်ထွန်းလျက် ရှိပြီး ရေလမ်းကြောင်းများ ပြောင်းခြင်း၊ ယမန်နှစ် ကာလထက် မြစ်ရေ ပိုမို ကျဆင်း နေခြင်းကြောင့် မော်တော်များ သွားလာရာတွင် အထူး သတိထား၍ ခက်ခက်ခဲခဲ သွားလာ နေရကြောင်း စက်လှေများသာ သွားလာမှု အဆင်ပြေကြောင်း မော်တော် လုပ်သား
တစ်ဦးထံမှသိရသည်။

http://bit.ly/16wZ35t

SHARE THIS