နိုင်ငံတော် ခရီးစဉ်အဖြစ်နဲ့ နယူးဇီးလန်နိုင်ငံ အောက်ကလန်မြို့ကို
ဒီကနေ့ရောက်ရှိသွားတဲ့ သမ္မတ ဦးသိန်းစိန်ကို နယူးဇီလန် ဘုရင်ခံချုပ်က
နယူးဇီလန်အစိုးရအိမ်တော်မှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
ဒီညနေခင်းမှာ ဦးသိန်းစိန်နဲ့ ဘုရင်ခံချုပ်တို့ဟာ ညစာစားပွဲမှာ မိန့်ခွန်းပြောဖို့ရှိပြီး မနက်ဖြန်မှာ ၀န်ကြီးချုပ် John Key နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
နယူးဇီလန်ကို ချစ်ကြည်ရေးခရီးလာဖို့ မနှစ်က မြန်မာပြည်ခရီးစဉ်အတွင်း ၀န်ကြီးချုပ် John Key က ဖိတ်ကြားခဲ့ပြီး နိုဝင်ဘာလကုန် လက်ပံတောင်းတောင်သပိတ်ဖြိုခွဲမှု
အခုလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် အစီရင်ခံစာထွက်ပေါ်လာအပြီး အစီရင်ခံစာနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြတာတွေ ဖြစ်ပွားနေစဉ် သမ္မတဖြစ်သူက နယူးဇီလန် သြစတေးလျ ခရီးစဉ်ထွက်ခွါခဲ့ရတာဟာ ၂ နိုင်ငံချင်း သံတမန်ရေးအရ ထောက်ထားမှုအရဖြစ်ကြောင်း သမ္မတရုံးအရာရှိတဦးက လူမှုရေးစာမျက်နှာကတဆင့် ဖြေရှင်းထားပါတယ်။
ဒါပေမယ့် အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းခရီးစဉ် လုံခြုံရေးအပေါ် လုံခြုံရေးအစီအမံတွေ စနစ်တကျဆောင်ရွက်ပေးဖို့ သမ္မတဦးသိန်းစိန်ကိုယ်တိုင် ညွှန်ကြားခဲ့တယ်လို့လည်း ဒီဖြေရှင်းချက်မှာ ဖော်ပြထားပါတယ်။
RFA Burmese
