မတ် ၁၄ ရက်၊၂၀၁၃
ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသားများ နေ့စဉ်ငွေထုတ်ယူခွင့်ကို ဗဟို ဘဏ်က မတ်လ ၆ ရက်နေ့က စတင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း
“နေ့စဉ် ငွေထုတ်ယူခွင့်က နိုင်ငံပိုင်ဘဏ်တွေမှာပဲ ထုတ်လို့ရတာလေ။ ပုဂ္ဂလိက ဘဏ်တွေမှာ အများဆုံးအပ်တဲ့ နိုင်ငံခြားသားတွေ အဆင်ပြေအောင် ခွင့်ပြုပေးလိုက်တာ” ဟု ၄င်းက ပြောသည်။ လက်ရှိ နိုင်ငံခြားငွေစာရင်း current account ဖွင့်လှစ်ရန် အတွက် မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံ မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် သုံးဘဏ်အပြင် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ပါ ယမန်နှစ် မေလမှ လုပ်ကိုင်ခွင့်ရခဲ့သည်။ ဇူလိုင်လမှ စတင် ကာ နိုင်ငံခြား သုံးငွေ ရောင်းဝယ်ခွင့် authorized dealer လိုင်စင်ရ ရှိခဲ့ပြီး နိုဝင်ဘာလတွင် နိုင်ငံခြားငွေနှင့် ပတ်သက်သော ဝန်ဆောင်မှုများကို ကုန်သွယ်မှုအပါအဝင် အကန့် အသတ် မရှိလုပ်ကိုင်ခွင့်ရခဲ့ သည်။ ငွေစာရင်း ဖွင့်လှစ်ချင်သူ နိုင်ငံခြားသားများအတွက် အတိုးနှုန်း ရရှိသော ငွေစုစာရင်း saving account ဖွင့်လှစ်ခွင့်ကိုမူ နိုင်ငံသားများနည်းတူ ရရှိမည် မဟုတ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
မြန်မာတိုင်း(မ်)
