မိတ္ထီလာရေဝေကျေးရွာတွင် ဆိုင်ကယ်ဖြင့်ခရီးသွားသူတစ်ဦး တစ်သောင်းကျပ်တန်ငွေစက္ကူအတုဖြင့် လိမ်ညာဈေးဝယ်ယူမှုဖြစ်ပွား

မိတ္ထီလာမြို့ ရေဝေကျေးရွာအုပ်စု ရေဝေကျေးရွာ ကုန်စုံဆိုင်တစ်ခု၌ ဆိုင်ကယ်ဖြင့်ခရီးသွားသူတစ်ဦးက တစ်သောင်းကျပ် တန် ငွေစက္ကူအ တုဖြင့် ဖေဖော်ဝါရီ ၂၆ ရက်ည ၇ နာရီ ခန့်တွင် လိမ်ညာဈေးဝယ် သွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမဘေး ရေဝေကျေးရွာနေ မ၀င်းမာ၏ကုန်စုံဆိုင်တွင် ကျောက်ပန်းတောင်းမှ မိတ္ထီလာဘက်သို့ ခရီးသွားသူ အမျိုးသားတစ်ဦးက တစ်သောင်းကျပ်တန် ငွေစက္ကူအတုဖြင့် ကွမ်းယာနှင့် အခြားမုန့်ပစ္စည်း ငွေကျပ် နှစ်ထောင်ဖိုးဝယ်ယူရာ ငွေကျပ် ရှစ်ထောင်ပြန်လည်အမ်းပေးရသည်။

အဆိုပါအမျိုးသားထွက်ခွာသွားပြီးမကြာမီ တစ်သောင်းကျပ်တန် အတု ဖြစ်နေကြောင်းသိရသဖြင့် သိလျှင်သိချင်း သက်ဆိုင်ရာသို့ တင်ပြသတင်းပို့ထားသည်ဟု ရေဝေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကပြောသည်။

ညဘက်မှောင်စပျိုးပြီး အချိန်ဆိုတော့အမှတ်တမဲ့ တစ်သောင်းကျပ်တန်ကို မစစ်ဆေးမိဘဲ ယူထားမိတာ လို့ပြောတယ်။

ပြီးမှ သေသေချာချာပြန်စစ်ကြည့်တော့ စက္ကူအသားကလည်း အစစ်နဲ့တော်တော်ကွာပြီး ညံ့တယ်၊ ပြီးတော့ငွေကြိုးလည်းမပါဘူး၊

ကြိုးအရာပဲပါတယ်၊ ပြီးတော့ဆင်ဖြူတော်ပုံက အစစ်ထက်ကြီးနေ တယ်၊ နောက်တစ်ခုက နံဘေးကအပြာကွက်လေးထဲမှာ အစစ်က တစ်သောင်းကျပ်ဆိုတဲ့စာသားလေးပါတယ်၊ အတုကမပါဘူး၊

ဒီနေ့ကျမှ တစ်သောင်းကျပ်တန် ငွေအတုကို သက်ဆိုင်ရာအပ်ဖို့ ယူလာတာပါ ဟု ကျပ်၎င်းကပြောသည်။

အဆိုပါတစ်သောင်းကျပ်တန် ငွေစက္ကူအတုတွင် ကခ ၃၆၀၀၆၆၀၊ AB 3600660 ဟု အက္ခရာ၊ နံပါတ်စဉ်များ ရိုက်နှိပ်ပါရှိကြောင်း သိရသည်။

ကြေးမုံသတင်းစာ

SHARE THIS