အမှိုက်ပုံပေါ်က စီမံကိန်း ၂၀၁၃ နှစ်ကုန် အပြီး တည်ဆောက်မည

March 1, 2013

ရန်ကုန်တိုင်းဒေသကြီး ငမိုးရိပ်ချောင်းတံတားဘေး
ပင်လုံအိမ်ယာရှေ့ရှိ အမှိုက်ပုံဝင်းအတွင်းတွင် CTC
... ကုမ္ပဏီမှ ဘိလပ်မြေ အုတ်သဲကျောက် လုပ်ငန်းအတွက် အဆောက်အဦးများကို ၂၀၁၃ နှစ်ကုန်ပိုင်းတွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းအဆောက်အဦး
ဆောက်လုပ်ရေး တာဝန်ခံ ဦးကျော်စွာဝင်းက ပြောကြားသည်။

"ပြည်သူတွေ ဈေးသက်သက် သာသာနဲ့ အလွယ်တကူ ၀ယ်လို့
ရသွားမယ်။ အမှိုက်တွေပေါ်မှာ စီမံကိန်းလုပ်လိုက်တဲ့အတွက် အနံ့အသက်တွေ ကင်းသွားမယ်၊ နောင်တစ်ချိန်မှာ ဒီနေရာက မြို့လယ်ခေါင်ကြီး ဖြစ်လာနိုင်တော့ ဒီနေရာမှာ အမှိုက်ပုံကြီး မရှိချင်စေချင်တဲ့ သဘောက အဓိကပါ" ဟု ယင်းက ဆက်လက်ပြောကြားသည်။

ယင်းစီမံကိန်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်နေ့မှ စတင်ခဲ့ပြီး
၂၀၁၃ နှစ်ကုန်ပိုင်းတွင် အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၄ နှစ်ဦးပိုင်းတွင် လုပ်ငန်းစတင် လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊
လုပ်ငန်း စတင်ပါက အုတ်သဲကျောက်များကို ပင်လယ်ဝမှ
ရေကြောင်းအတိုင်း သွင်းလာမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်းတွင်
ဈေးနှုန်း သက်သာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း
သိရသည်။

"အမှိုက်ပုံ ထုအနက်က ပေ ၂၀ ကနေ ပေ ၄၀ လောက်ထိ
ရှိနေတာ။ ဒါကိုမှ ၁၅ ပေလောက်ကို ဖယ်ထုတ်ပစ်ပြီး ပတ္တမြား
ပိုင်တွေ မျှောပိုင်တွေ ရိုက်ထည့်ပြီး အောက်ခြေက ကြံ့ခိုင်မှု
ရှိပြီဆိုမှ အပေါ်က ကွန်ကရစ်လောင်း သဲဖို့ ဒါတွေလုပ်ပြီးတော့မှ
နောက်တစ်ခါ ကွန်ကရစ် ထပ်လောင်းရမှာ။ ဖယ်ထုတ်လိုက်တဲ့ အမှိုက်တွေကိုလဲ ထားဝယ်ချောင်ဘက်ကို စွန့်ပစ်သွားမှာပါ။
အခုက သဲခင်းတဲ့ အဆင့်ပဲ ရှိသေးတယ်" ဟု တာဝန်ခံ မန်နေဂျာက ပြောကြားသည်။

အဆောက်အဦး ဆောက်လုပ်သည့် ဧရိယာအကျယ်မှာ အလျား
ပေ ၁၃၀၀၊ အနံ ပေ ၆၀၀ ရှိပြီး ဘိလပ်မြေ အုတ် သဲကျောက်
စုပုံလုပ်ငန်း လုပ်ကိုင်ရန် ရန်ကုန် မြို့တော်စည်ပင်မှ ငှားရမ်း လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ချမ်းသာ
ဆောက်လုပ်ရေးမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိပြီး လုပ်ငန်း
စတင်ပါက အလုပ်သမား ၁၀၀ ကျော်ခန့်ကို အလုပ်ပေးနိုင်မည်
ဖြစ်ကြောင်း သိရသည်။


The Myanma Age


SHARE THIS
Previous Post
Next Post