ရခိုင်ကဗျာဆရာတို့ စုစည်းရေးဖွဲ့သော "ရိုးမရေရိပ်" ကဗျာစာအုပ်ကို မတ်လ
(၁၆)ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ဘုရားကျောင်းတိုက်တွင်
စတင်ဖြန့်ချီလိုက်ပြီဖြစ်ကြောင်း
ရန်ကုန်ဖြန့်ချီရေး တာဝန်ခံ အောင်တံခွန် ၀ံသရက္ခိတ မဂ္ဂဇင်း အမှုဆောင်
အယ်ဒီတာ ဦးမြတ်ဌေးက ဆိုသည်။" ရိုးမရေရိပ် စီစဉ်သူ ကိုယ်ရမ္မာက
အဲဒီကျောင်းမှာ ရဟန်းဝတ်တာနဲ့ တိုက်ဆိုင်နေတော့ ကျောင်းကိုလာကြတဲ့
ရခိုင်စာဖတ်ပရိတ်သတ်တွေစုံတုန်း
ကျနော်တို့စဖြန့်လိုက်တာပါ။ ထုတ်ဝေတာက ပထမအကြိမ်အုပ်ရေ (၁၀၀၀)မှာ
ထက်ဝက်နီးပါး တထိုင်တည်းနဲ့ ကုန်သွားတယ်။ တချိန်တည်းမှာ ရခိုင်ကိုလည်း
ကျနော်တို့ ဆက်ဖြန့်သွားမှာပါ။ စာဖတ်ပရိတ်သတ်ကတော ရခိုင်ကဗျာဆရာတွေရဲ့
လက်ရာတွေလည်းဖြစ်၊ မြို့နယ်စုံလည်းပါတော့ နှစ်သက် ကြပါတယ်။ " ဟု
ဦးမြတ်ဌေးက ပြောသည်။
ပြည်တွင်း စာပေလောကမှာ ကဗျာစာအုပ်ထုတ်ဝေသူအများစုမှာ အရှုံးခံ၍ထုတ်ဝေနေရခြင်းများနေပြီး၊ ရခိုင်ပြည်နယ် တွင်လည်း ကဗျာကိုသီးသန့်အားပေးသည့် ကဗျာပရိတ်သတ် မရှိသေးဟု ၄င်းကဆိုသည်။
ရိုးမရေရိပ် ကဗျာစာအုပ်ထုတ်ဝေရာတွင် အခက်အခဲနှင့် ပတ်သက်၍ ဦးမြတ်ဌေးက "
အဓိကကြုံတွေ့ခဲ့ရတာက ရခိုင်အရေးအခင်းမဖြစ်ခင်ကထဲက စာအုပ်ထုတ်မယ်လုပ်ထားတာ။
အရေးအခင်းလည်းဖြစ်တော့ အမျိုးသားရေး တပ်လှန့်သံ ကဗျာအဖြစ်
ပြောင်းထုတ်ဖို့စီစဉ်ရတယ်။ အဲဒီမှာ ရခိုင်အမျိုးသားရေးနဲ့
အကျူံးမ၀င်တဲ့စာမူတွေကို ဖယ်ထားပြီးတော့ အမျိုးသားရေးကဗျာသီးသန့်
ရွေးချယ်ခဲ့ရတယ်။ အားလုံးပြန်ပြင်ခဲ့ရတာပေါ့။ " ဟု ရှင်းပြသည်။
ရိုးမရေရိပ်ကဗျာ စာစုမှာ ရခိုင်ပြည်နယ် (၁၇) မြို့နယ်မှ ကဗျာဆရာ (၄၀)
ဦးတို့ စုပေါင်းရေးဖွဲ့ထားကြပြီး ကဗျာပုဒ်ရေ (၅၂) ပုဒ်ပါဝင်ကြောင်း
သိရသည်။
ဗျာစာအုပ် မှာယူလိုသူများသည် ဦးဘိုးနု(ကိုယ်ရမ္မာ) ဖုန်း-
၀၉၄၉၆၇၄၇၅၁၊၀၉၄၉၆၄၈၂၂၅၊ ၀၉၅၉၆၇၄၇၅၁ သို့ လည်းကောင်း၊ ဦးမြတ်ဌေး(ပေါက်လေ)
ဖုန်း-၀၁၅၇၀၁၆၅ သို့လည်းကောင်း ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။