{၁၈.၃.၂၀၁၃ ၊ လေးမြို့ ညနေခင်းသတင်း}
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ မှ ရှင်ဝီမလာဘိဝံသဦးဆောင်သော (၉၆၉)
သင်္ဃာကွန်ယက်အဖွဲ့ သည် ယနေ့ (၁၈၊၃၊၂၀၁၃)နေ့ ၊ ညနေ(၆း၃၀)တွင်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ သို့ ကြွရောက်လာကြရာ ထို(၉၆၉)သင်္ဃာကွန်ယက်
အဖွဲ့ အား မင်းပြားလူထုက ရခိုင်ရိုးရာဓလေ့များဖြင့် လှိုက်လှိုက်လှဲလှဲဦးတိုက်
ကြိုဆိုခဲ့ကြောင်း သိရသည်။
ထို(၉၆၉)သင်္ဃာကွန်ယက်အဖွဲ့ တွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ရှိ မဟာမြိုင်
ပရိယတ္တိကျောင်းတိုက်မှ ဆရာတော်ရှင်ဝီမလာဘိဝံသ(ဟိထဓရဆရာတော်)အပါအ၀င် ဆရာတော်(၆)ပါးပါဝင်ကြောင်း သိရပြီးထိုဆရာတော်များအား ကြိုဆိုပွဲကို မင်းပြားမြို့ နယ် ၊ ပဉ္စသီလရက္ခတိငါးပါးသီလအသင်းမှ ဦးဆောင်၍ မင်းပြားလူထုက ရခိုင်ရိုးရာဓလေ့များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုဆရာတော်(၆)ပါးသည် ယနေ့ ညနေ(ရး၃၀)ခန့် တွင် မင်းပြားမြို့ ၊ မြို့ ရောနယ်ပါဓမ္မာရုံကြီး၌
အမျိုးဘာသာတရားတော်များကိုပရိုဂျက်တာများဖြင့်စည်းကားသိပ်မြိုက်စွာ
ဟောကြားကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။
မာရုသူရ
(လေးမြို့ သတင်းမီဒီယာ)