မြစ်ကြီးနားမြို့မြို့ပေါ်ရပ်ကွက
ဖြစ်စဉ်မှာ မတ် ၈ ရက် ည ၁ဝနာရီ မိနစ် ၅ဝ က တပ်ကုန်းရပ်ကွက် ရာဒါကောင်း(ဘီ) နယ်မြေအတွင်း လမ်းသွယ် (၈) အမှတ်(၂၁၄) နေအိမ် မီးဖိုချောင် မီးကြွင်း မီးကျန်မှ တစ်ဆင့် မီးစတင် လောင်ကျွမ်းရာ ပြည်နယ် မီးသတ် ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် သုံးစီး၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင် များနှင့် တာဝန် ရှိသူများ ဝိုင်းဝန်း ငြှိမ်းသတ် ကြရာ မီးကူးစက် လောင်ကျွမ်းမှု မရှိဘဲ ည ၁၁ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အလျား ပေ ၂ဝ၊ အနံ ပေ ၃ဝ သွပ်မိုး ထရံကာ ပျဉ်ခင်း နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာ သုံးစွဲသူ ဒိန်ခန်ဖုန် ၄၅ နှစ်(ဘ) ဦးဒိန်ခန်ဒီးအား အမှတ်(၁) ရဲတပ်ဖွဲ့စခန်းမှ (ပ)၄၄/၂ဝ၁၃၊ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။
http://bit.ly/ZopjKe
>>မြ၀တီ
