ရန်ကုန် မတ် ၁၄
ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့ ကျိုက်ခေါက် ဘုရားလမ်း နာရီစင် လမ်းဆုံ၌ ယနေ့ နံနက် ၃ နာရီက Nissan ၁ဝ ဘီး ကုန်တင်ယာဉ်ကြီး တစ်စီး ဆေးခန်းနှင့် လျှပ်စစ်မီးတိုင် တို့ကို ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ သန်လျင်မြို့ ကျိုက်ခေါက် ဘုရားလမ်း အတိုင်း သီလဝါ ဆိပ်ကမ်းဘက်မှ ရန်ကုန် ဘက်သို့ ယာဉ်မောင်း ဦးခင်မောင် ဦးမောင်းနှင် လာသော ၂ဂ/--- Nissan ၁ဝ ဘီး ကုန်တင် ယာဉ်သည် နာရီစင် လမ်းရှိ ထက်ဆေးခန်းနှင့် လျှပ်စစ်မီးတိုင် တို့ကို အရှိန် မထိန်းနိုင်ဘဲ ဝင်တိုက်မိ၍ ဆေးခန်း မျက်နှာစာ ပိုင်းနှင့် လျှပ်စစ် မီးတိုင်တို့ ထိခိုက် ပျက်စီး သွားပြီး ကုန်တင်ယာဉ် မှာလည်း ဦးခေါင်းပိုင်း ကြေမွ ပျက်စီးသွားသည်။
အဆိုပါ ယာဉ်တိုက်မှုအား သန်လျင် မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
http://bit.ly/13X1tuQ
