ဒုတိယအကြိမ် အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီး လိုင်ဇာတွင် ပြုလုပ်မည်

မတ် ၂ ရက်၊ ၂၀၁၃

၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလထဲတွင် KIA ဟာ တစ်မျိုးသားလုံးကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါး နှိမ်နင်းရေးကိစ္စတွေကို ထိထိရောက်ရောက် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လုပ်တာမှ တကယ့်ကို ရက်ရက်စက်စက်ပါဘဲ။

၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ KIA တပ်ရင်း(၆)က ဆိုင်းတောင်၊ စပေါ့၊ ရေအေးချောင်း လှုပ်ရှားတာဝန် ထမ်းဆောင်တဲ့ ဗိုလ်ကြီး လဆိုင်းဦးစီး အင်အား (၃၀)ခန့်ဟာ လုံးခင်းကျေးရွာ ရပ်ကွက်(၂)မှာနေတဲ့ ဦးသိန်းနိုင် ခေါင်းဆောင်တဲ့ ရွာသူရွာသားတွေကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်တွေလိုက်လံစိုက်ထူခိုင်းပြီး ဒီဇင်ဘာလ (၁၅)ရက်နေ့မှာ ဆန္ဒပြခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်းမှာဘဲ ဖားကန့်-လုံးခင်းဒေသက မူးယူစ်ဆေးဝါး သုံးစွဲ သူတွေ ရောင်းဝယ်သူတွေကို နာမည်စာရင်း ကောက်ပြီး ကျေးရွာ ဥက္ကဋ္ဌ၊ ပြည်သူ့စစ်တွေနဲ့ ဖမ်းဆီးပို့ဆောင်ခိုင်းပြီး ဒီဇင်ဘာလ(၂၃)ရက်နေ့ မနက်ပိုင်းမှာ စပေါ့ရေအေး ချောင်းမှော်မှာ တရားစီရင်ခဲ့ပါတယ်။ တရားစီရင်သူကတော့ အဲဒီအချိန်ုတုန်းက KIA တပ်ရင်း(၆)တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူး ဂမ်ရှောင် ယနေ့ KIA စစ်ဦးချုပ် ဂမ်ရှောင်ပါဘဲ။

တရားစီရင်တဲ့စနစ်ကလည်း ထိရောက်မှုရှိပါတယ်။ တစ်အိမ်တစ်ယောက်မကြည့်မနေရဆင့်ခေါ်ပြီး အပြစ်သားတွေကို လက်ဝါးကပ်တိုင်မှာ ကြိုးချည်ပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ ဒီလိုပစ်သတ်ရာမှာလည်း ဆရာကြီး ဂမ်ရှောင်ကိုယ်တိုင် ပါဘဲ။ အဲဒီနေ့ ဒီဇင်ဘာလ(၂၃)ရက်နေ့ မနက်ပိုငးမှာ စုစုပေါင်း(၄၃)ယောက်အသတ်ခံခဲ့ရပြီး ဥရုချောင်းထဲမှာ ငါးစာဖြစ်ခဲ့ ရပါတယ်။
အနှစ်(၂၀)ကျော်ကြာခဲ့ပြီဖြစ်လို့ မေ့မေ့ပျောက်ပျော်ကမဖြစ်ကြသေးပါဘူး။ အဲဒီတုန်းက သေဘေးကလွတ်လာတဲ့သူ တွေလည်းရှိပါတယ်။ အခုလည်း ခိုင်ဖုန်းတရားရုံးက တရားစီရင်ဖို့ သေတမ်းစာရေးခိုင်းနေပြီလို့ ကြားနေရပြန်ပြီ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန် လဂျားယန်၊ ခယာဘွမ်၊ ဖုန်ပြန်ဘွမ်တိုက်ပွဲတွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေပြင်းထန်လွန်းလို့ အသက် ဘေးကိုရှောင်ရှားရင်းနဲ့ သစ္စာဖောက်လို့ ပုဒ်မအတပ်ခံရပြီး လိုင်ဇာအကျဉ်းထောင်မှာ (၄၂)ဦး ကြိုးမိန့်စောင့်နေရပြီတဲ့။ ဒီကြိုးမိန့်ကိုလည်း ဆရာကြီး ဂမ်ရှောင်ကိုယ်တိုင်ချမှတ်တာဘဲ ဖြစ်ပါတယ်။
ခေါင်းဆောင်တစ်ဦးရဲက အတ္တကြီးမားစွာဆုံးဖြတ်မှုကြောင့် ဘယ်လိုမှတန်ဘိုးဖြတ်လို့မရတဲ့ နေရာတွေလည်းဆုံးရှုံးခဲ့ပါပြီ။ သူရဲကောင်းတွေ၊ ဆုပ်လဲစူး စားလဲရူးဘ၀ပိုင်ရှင်တေါ အပြစ်မဲ့တဲ့ပြည်သူတွေရဲ့ အသက်ပေါင်းများစွာ၊ ကိုယ်လက်အင်္ဂါ ပေါင်းများစွာလည်း ပေးဆပ်ခဲ့ပြီးပါပြီ။ ဒါကိုမကျေနပ်နိုင်လို့ သစ္စာဖောက်လောက်ကောင်တွေဆိုပြီး စပေါ့ချောင်းလူသတ် တရားခံက ထပ်ပြီးသတ်ဖို့အမိန့်ချနေပြန်ပြီ၊ ၀ိုင်းဝန်းမေတ္တာရပ်ခံ၊ အသနားခံပေမယ့်လည်း တာလောကြီးဖြစ်စဉ်လို ထပ်အဖြစ်မခံနိုင်ဘူး။ သေဒဏ်မှအပ အခြားမရှိလို့ တစ်ချက်လွှတ်အမိန့် ချခဲ့တယ်လို့ ဆိုပါတယ်။
From : Kachin Daily News

SHARE THIS
Previous Post
Next Post