အမေရိကန်၏ Antares ဒုံးပျံအား ပထမဆုံး အကြိမ် အဖြစ် လွှတ်တင်

နိုင်ငံတကာ အာကာသစခန်းသို့ အာကာသ ကုန်တင်ယာဉ် အဖြစ် ပို့ဆောင်ရန် ဒီဇိုင်း ထုတ်လုပ်ထားသော အမေရိကန်၏ Antares ဒုံးပျံကို ပထမဆုံး အကြိမ်အဖြစ် ဧပြီ ၂၂ ရက် နံနက်ပိုင်းက ဝေါလ်လော့ပ်စ်ကျွန်းရှိ ဒုံးပစ်စင်မှ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးပျံသည် အရှည် မီတာ ၄ဝ (ပေ ၁၃ဝ) ရှိကာ အများဆုံး ကုန်ချိန် ပမာဏ ၅ဝဝဝ ကီလိုဂရမ်အား တင်ဆောင်နိုင်ပြီး ၎င်းအား နာဆာနှင့် ဗာဂျီးနီးယား အခြေစိုက် ဂြိုဟ်ပတ်လမ်းကြောင်း ဆိုင်ရာ သိပ္ပံကော်ပိုရေးရှင်းတို့ ပူးပေါင်း ထုတ်လုပ် ထားခြင်း ဖြစ်သည်။

၎င်းဒုံးပျံသည် လူလိုက်ပါမှု မရှိသည့် ဆိုက်ဂ်နက်စ် အာကာသယာဉ်အား နိုင်ငံတကာ အာကာသ စခန်းသို့ သယ်ဆောင် သွားကြောင်း သိရသည်။

နာဆာသည် အစောပိုင်းတွင် အာကာသ အတွင်းသို့ ကုန်ပစ္စည်းများနှင့် အာကာသ ယာဉ်မှူးများ ပို့ဆောင် ရန်နှင့် ပြန်လည်ခေါ် ယူရန် အတွက် ရုရှားနိုင်ငံ၏ ဆိုယုဇ် အာကာသ ယာဉ်ကိုသာ အားထား ခဲ့ကြရသည်ဟု သိရသည်။
မြ၀တီ

http://bit.ly/11jdLII

SHARE THIS
Previous Post
Next Post