ကြက်ငှက်တုပ်ကွေး ရောဂါ ကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်


တရုတ်နိုင်ငံ၌ H7N9 ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားလျက် ရှိပါသည်။
အိမ်နီးချင်း နိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ ၄င်းရောဂါ ကူးစက် မလာစေရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် အောက်ပါ အချက်များကို လိုက်နာပူးပေါင်းဆောင်ရွက် ကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်-
(၁)ဆောင်းခိုငှက် များနှင့် အိမ်မွေး ကြက်၊ ဘဲ၊ငုံးများ ဆက်စပ် ထိတွေ့မှု မရှိရေး ဂရုပြု ဆောင်ရွက်ရန်။
(၂) ကြက်၊ ဘဲ၊ ငုံးစသည့်ကြက်ငှက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန်။
(၃)ကြက်ငှက် မွေးမြူရေးခြံ များတွင် ပိုးသတ်သန့်စင်ခြင်း လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ရန်နှင့် ခြံပတ်ဝန်းကျင်သန့်ရှင်း
ရေးနှင့် မွေးမြူရေးခြံသုံး ပိုးသတ်ဆေး
ဖျန်းခြင်း ပုံမှန် ပြုလုပ်ရန်။
(၄)ကြက်ခြံ အတွင်းသို့ ဝင်ပါက နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ် ပစ္စည်းများစနစ်တကျဝတ် ဆင်ရန်၊ ကြက်ငှက်များကို ကိုင်
တွယ်ပြီးတိုင်း၊ ကြက်ခြံမှ ထွက်သည့် အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ရန်။
(၅)ကြက်ငှက် အသား၊ ဥ စသည်တို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန်။
(၆)ကြက်ငှက်များ ရုတ်တရက် သေဆုံးကြောင်း သိရှိရပါက နီးစပ်ရာ အုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်သို့ ချက်ချင်း သတင်းပို့ရန်။
(၇)ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်း ရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ရန်။

http://bit.ly/13ZR56d

Published with Blogger-droid v2.0.10

SHARE THIS