မန္တလေး မြို့တွင် လူနေတိုက်တာ အဆောက်အအုံများ ဆောက်လုပ်ရာ၌ သစ်သားအစား
သံဖရိန်များ အစားထိုး ဆောက်လုပ်လာကြ သည်ကို နေရာအနှံ့ အပြား၌ တွေ့မြင်
ကြရသည်။
အဆိုပါ သံဖရိန်များ ဆောက်လုပ် လာရခြင်း အကြောင်း အရင်းမှာ သံဖရိန်များ အသုံးပြု ခြင်းသည် သစ်သားထက် ၂၀ ရာခိုင်နှုန်း ဈေးသက်သာ ခြင်းကြောင့် သံဖရိန်ဖြင့် ဆောက်လုပ်သူ များပြား လာရခြင်း ဖြစ်ကြောင်း၊ သံဖရိန် လုပ်ငန်း၏ အားသာချက်သည် ငွေကြေး သက်သာခြင်း၊ သစ်သားဖြင့် ဆောက်လုပ်မည် ဆိုပါက အဆောက်အအုံ ဆောက်လုပ်ရာတွင် တစ်လ ကြာမြင့်လျှင် သံဖရိန်ဖြင့် ဆောက်လုပ်က ရက် ၂၀ သာ ကြာမြင့်မည် ဖြစ်ရာ လက်သမား၊ အလုပ်သမားခ ဈေးနှုန်းနဲ့ အချိန်ကုန် သက်သာစေခြင်း၊ အာရ်စီပုံစံ အုတ်များငုံ၍ ဆောက်လုပ်လို့ ရခြင်းတို့ကြောင့် သံဖရိန်များ အစားထိုး ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သံဖရိန်များ ဆောက်လုပ်မှုသည် သစ်အသုံးပြုမှု လျော့နည်းစေပြီး တစ်ဖက် တစ်လမ်းက နိုင်ငံတော်၏ သစ်တော ပြုန်းတီးမှုကို ကာကွယ်ရာ ရောက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာ နိုင်ငံတွင် သံဖရိန်ဖြင့် ဆောက်လုပ်ရာတွင် နည်းပညာ အားနည်း သေးသည့်အတွက် အထပ်သုံးထပ် ထက်ပို၍ ဆောက်လုပ်ရန် မသင့်ကြောင်း ဆောက် လုပ်ရေး လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။
http://bit.ly/YXoGq3