အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်းအတွင်း ဘင်္ဂလီများ၏ သတ်ဖြတ်မှုကြောင့် မြန်မာရှစ်ဦး သေဆုံး

ဧပြီလ ၀၅ရက် ၂၀၁၃ ခုနှစ်

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားထြားကျွန်းပေါ်ရှိ ထိန်းသိမ်းရေးစခန်းတခုတွင်မြန်မာများ နှင့် ဘင်္ဂလီလူအုပ်စုတို့ ကြား သောကြာနေ့ နံနက်ကတိုက်ခိုက်မှု များ ဖြစ်ပွားပြီး လူ ရှစ်ဦး သေဆုံးခဲ့ကာ ၁၅ ဦး
ဒဏ်ရာရရှိသွားကြောင်း ရဲအရာရှိက ပြောသည်။

ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ဆူမ
ထြားခရိုင် မြောက်ပိုင်း Medan လဝက ထိန်းသိမ်းရေး စခန်း၌ ဗုဒ္ဓဘာသာနှင့် မူဆလင်အကြား ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲဌာနပြောခွင့်ရပုဂ္ဂိုလ် Heru Raden Prakoso အား
ကိုးကား၍ International The News သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် အင်ဒိုနီးရှားကမ်းခြေ၌ လှေများပေါ်မှ ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလီ ၁၀၀ ကျော်နှင့် တရားမဝင် တံငါ ၁၁ ဦးထိန်းသိမ်းထား ခြင်းကြောင်း သေတွင်း ရဲမှူးကြီး Endro Kiswanto က ဆိုသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများအပေါ် ငြင်းခုန်ကြရာမှ ကျောက်ခဲများ၊ ဓားများဖြင့်ထိပ်တိုက်ရင် ဆိုင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောဆိုကြောင်း ရဲမှူးကြီးက ဆိုသည်။

သေဆုံးသူ ရှစ်ဦးလုံးမှာ
ဗုဒ္ဓဘာသာဝင်များချည်း ဖြစ်ကာ ကျန်
ဗုဒ္ဓဘာသာဝင် သုံးဦးမှာ ဒဏ်ရာရရှိမှုမဖြစ်ဘဲ ဘင်္ဂလီ ၁၅ ဦးဒဏ်ရာရရှိခဲ့ကြကြောင်း ရဲမှူးကြီးအား ကိုးကား၍ လန်ဒန် အခြေစိုက် The
Guardianသတင်းတရပ်တွင်ဖော်ပြပါရ
ှိသည်။

ထိန်းသိမ်းရေး စခန်းအတွင်း မည်သို့ ဓားများရောက်ရှိလာပုံ အပါအဝင် ဖြစ်ပျက်မှု အလုံးစုံကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ရဲမှူးကြီးEndro Kiswanto က ပြောသည်။

From : Mizzima

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post