Friday, April 5, 2013
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဌ နော်စီဖိုးရာစိန် စီးနင်းလာတဲ့ ကားတစ်စီးဟာ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၃နာရီလောက်က ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ်၊ မယ်ရမတ်နဲ့ မယ်လ ဒုက္ခသည်စခန်းကြားမှာ တိမ်း
မှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ(၇) ကကရင်အမျိုးသမီးအစည်းအရုံး(KWO)နေ့ အခမ်းအနားသို့ တက်ရောက်ပြီး ပြန်အလာမှာ တိမ်းမှောက်တာဖြစ်ပြီး ကားမောင်းသူ အပါအ၀င် ၆ ယောက်စလုံး
ဒဏ်ရာရရှိခဲ့ပြီး ၂ ယောက်ကပြင်းထန်တယ်
လို့ ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး (၂) နော်စီးယိုဖောက ပြောပါတယ်။
နော်စီဖိုးရာစိန်ရဲ့ အခြေအနေကိုတော့ မသိသေးဘူးလို့လည်း ပြောပါတယ်။ ဒဏ်ရာရရှိသူအားလုံးကို
တော့ မဲဆောက်မြို့၊ ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။
DVB
Published with Blogger-droid v2.0.10