မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ မန္တလေး ဘူတာကြီး ဘူတာရုံ သံလမ်းအမှတ်
(၁ဝ)တွင် ရပ်နားထားသော ရထားတွဲ အမှတ် BNUEZ-12665 အထက်တန်း အိပ်စင် ရထား
တွဲဆိုင်းသည် ယနေ့ ညနေ ၄ နာရီ ၁ဝ မိနစ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး
ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ ရထားတွဲနေရာသို့ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃၅ စီး၊ သန္ဓေမီး သတ်တပ်ဖွဲ့ဝင် ၃၈ ဦးနှင့် အရန်မီး သတ်တပ်ဖွဲ့ဝင် ၁၅၅ ဦးတို့ဖြင့် မီး ငြှိမ်းသတ် ခဲ့ကြပြီး မီးလောင်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှု၊ သေဆုံးမှု မရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း၊ အထက်မြန်မာပြည် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်၊ တိုင်းမီးသတ် ဦးစီးမှူး ဦးကျော်တိုးနှင့်အဖွဲ့ ရောက်ရှိခဲ့ပြီး မီးလောင်ကျွမ်းရခြင်း၏ အကြောင်းအရင်းကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။
http://bit.ly/11dlgRt