မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတို့၌ မကြာမီက ဖြစ်ပွား ခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ သံတမန်များနှင့် တွေ့ဆုံ

မြန်မာနိုင်ငံ အခြေစိုက် သံရုံးအကြီး အကဲများနှင့် သံတမန်များအား မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း တို့၌ မကြာမီကဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်း
ပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ
နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏ
မောင်လွင်က ယင်းပဋိပက္ခများတွင် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိ အဖွဲ့
အစည်းများမှ ကူညီစောင့်ရှောက်ပေးနေမှု အခြေအနေမှန်များကို ရှင်းလင်း
ပြောကြားသည်။
ထို့နောက် သံရုံးအကြီးအကဲများနှင့် တက်ရောက်လာကြသော ပုဂ္ဂိုလ်များက သိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား
သည်။
ရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသော ပုဂ္ဂိုလ်များသည် ပဋိပက
္ခဖြစ်ပွားရာဒေသများမှ မှတ်တမ်းဓာတ်ပုံများကို လေ့လာကြည့်ရှုကြသည်။
အဆိုပါ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများ၊ သတံမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ရှင်းလင်းပွဲကျင်းပ
Thursday, 4 April 2013

SHARE THIS
Previous Post
Next Post