အုပ်စုဖွဲ့ မုဒိမ်းမှုများကြောင့် အိန္ဒိယသို့ အမျိုး သမီးဧည့်အဝင် လျော့နည်း

အိန္ဒိယနိုင်ငံတွင် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သုံးလတာကာလ
အတွင်း နိုင်ငံခြားသားအမျိုးသမီးများ အိန္ဒိယသို့ လာရောက်လည်ပတ်မှုနှုန်း ၃၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်းစစ်တမ်းတစ်ရပ်က ဖော်ပြထားသည်။ အိန္ဒိယကုန်
သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအ
သင်း (ASSOCHAM) ၏ စစ်တမ်းတွင် အထက်ပါအတိုင်းဖော်ပြထားပြီးတစ်နှစ
်ထက်တစ်နှစ်အမျိုးသမီးခရီးသည်လည်ပတ်မှုနှုန်း ၂၅ ရာ ခိုင်နှုန်းအထိလျော့ကျနေ
ကြောင်း ပါရှိသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက နယူးဒေလီမြို့တော်တွင် ဘတ်စကားတစ်စီးပေါ်၌ အမျိုးသမီး
တစ်ဦးအား လူခြောက်ယောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အခြားဒေသများတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထို့အတူ ပြီးခဲ့သည့်လက
လည်း ဆွစ်ဇာလန်နိုင်ငံသူတစ်ဦးလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်ခံခဲ့ရရာ နိုင်ငံခြား သားအမျိုးသမီးများအဖို့ အားလပ်ရက်အပန်းဖြေရန် အိန္ဒိယနိုင်ငံ
အစားထိုင်းနှင့် မလေးရှားတို့ကဲ့သို့ သော
နိုင်ငံများအား ပိုမိုရွေးချယ် လာကြသည်ဟု စစ်တမ်းက ဖော်ပြထားသည်။

နိုင်ငံတကာမှခရီးသွားအကြံပေးအေဂျင်စီ
များကလည်း ၎င်းတို့ ၏ ဧည့်သည်များအား အိန္ဒိယနိုင်ငံနှင့်ပတ်သက်၍ သတိပေးမှုများ ပြုလုပ်နေပြီး ယင်းအချက်များသည် အိန္ဒိယ၏ ခရီးသွားလုပ်ငန်းအား
အထိနာစေလိမ့်မည်ဟု သတိပေး
ထားသည်။ ယခုစစ်တမ်းကောက်ယူသည့် သုံးလတာကာလအတွင်းအမျိုးသမီးခရီး
သည် ၇၂ရာခိုင်နှုန်းက အိန္ဒိယခရီးစဉ်အား ပယ်ဖျက်ခဲ့ကြကြောင်း သိရသည်။
PN-055
Ref: Bangkok Post

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post