တရုတ် မီဒီယာတွေက မြန်မာ စာနယ်ဇင်း လွတ်လပ်လာမှုကို အားကျလာ

ဧပြီလ ၄ ရက် ၂၀၁၃
လွန်ခဲ့တဲ့ ဧပြီလ ၁ ရက်က ပုဂ္ဂလိက နေ့စဉ်ထုတ် မြန်မာဘာသာနဲ့ သတင်းစာ ၄ စောင် စတင်ထုတ်ဝေလာတဲ့အခါ တရုတ်နိုင်ငံ၊ မီဒီယာလောကမှာလည်း စိတ်လှုပ်ရှားပြီး အားကျနေကြတယ်လို့ သိရပါတယ်။

မြန်မာအစိုးရဟာ စာပေစိစစ်ရေး ဆင်ဆာဘုတ်အဖွဲ့ကို ယမန်နှစ်က
ပယ်ဖျက်ခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေကို လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့် ပြုလိုက်တဲ့အပေါ် တရုတ်
မီဒီယာသမားတွေက မြန်မာကို အား
ကျပြီး ပီကင်းသတင်းစာ၊ ပီကင်းတိုင်းမ်၊ ဆိုင်နာ အွန်လိုင်းသတင်းတွေမှာ အားတက်သရောရေးသားလာကြတယ်လို့ South ChinaMorning Post အွန်လိုင်း သတင်းတပုဒ်မှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရုတ်နိုင်ငံသားတွေ အနေနဲ့ တရုတ်နိုင်ငံမှာ သတင်းစာထုတ်ဝေဖို့ သတ်မှတ် ပြဋ္ဌာန်း ထားပြီးဖြစ်တယ်လို့ တချို့က ထောက်ပြပါတယ်။ ဒါပေမယ့် အဲဒီ ဖွဲ့စည်းပုံပါ အခွင့်အရေးကို လက်တေ
ွ့မှာ ကျင့်သုံးလို့ မရဘဲ တသီးပုဂ္ဂလတွေ ထုတ်မယ်ဆိုရင်ကန့်သတ်တားမြစ်တာတွေရှိပြီး အပြစ်ဒဏ်လည်းသတ်မှတ်ထား
ပါတယ်။

ဒါကြောင့်ပဲ China’s Southern Weekly မှာ နှစ်သစ်ကူးအတွက် အယ်ဒီတာ့
အာဘော်မှာ ခေါင်းစဉ်အနေနဲ့ “China’s deram: the dream of
constitutionalism” လို့ ဖော်ပြခဲ့လို့ ဆင်ဆာထိသွားခဲ့ ရပါတယ်။
ဒါကိုဘဲ အယ်ဒီတာက ပါတီကို နည်းနည်း ချီးမွမ်းဟန် ပြန်ရေးပြီး ငါတို့ အိမ်မက်တွေနဲ့ပတ်သက်လို့ အရင်ကထက် ပိုနီးလာပြီလို့ ခေါင်းစဉ်ကို ပြောင်းရေး လိုက်ရတယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်း သတင်းသမားတွေ၊အယ်ဒီတာတွေ၊ စိတ်ဝင်စားသူတွေက ပါတီရဲ့
မီဒီယာ ဆင်ဆာလုပ်နေတဲ့ ကိစ္စကို ဆန့်ကျင်ကန့်ကွက်ဖို့ Southern Weekly နဲ့ ပူးပေါင်းခဲ့ကြပါတယ်။
“ဒီ (လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်) ဟာ
တကယ့် တရုတ်နိုင်ငံသားတွေရဲ့ အိပ်မက်ပါဘပဲ” လို့ Netizen က ရေးထားပြီး တကယ်လည်း
တရုတ်သတင်း အယ်ဒီတာတွေလည်း ဒီအိပ်မက်ကို ထွေးပွေ့ထားကြပါတယ်။
တရုတ် မီဒီယာသမားတွေ အားကျနေတဲ့ မြန်မာနိုင်ငံဟာ တချိန်ကတော့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အလွန်အနိမ့်ဆုံးအဆင့်မှာပဲ ရှိခဲ့ဖူးတာပါ။ မြန်မာသတင်းသမား တော်တော်များများ
ကလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်လို အကျဉ်းထောင်တွေထဲ
နှစ်ရှည်လများနေခဲ့ကြရပါသေးတယ်။
အကျဉ်းထောင်ထဲမှာ စုစုပေါင်း ၁၉ နှစ်နီးပါး
နေခဲ့ရသူ ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က တရုတ် အနေနဲ့ မြန်မာနိုင်ငံကို အားကျတဲ့ သာဓကတွေ တော်တော်များများရှိခဲ့ဖူးပြီး အထင်အရှားဖြစ်ရပ်တွေထဲမှာ
၁၉၈၈ ခုနှစ် မြန်မာနိုင်ငံက လူထုအရေးတော်ပုံကြီးပြီးနောက် တရုတ် တီအင်နမင် အရေးအခင်းလိုမျိုး ပါဝင်ကြောင်း၊ တရုတ် သတင်းသမားတွေ အနေနဲ့ မြန်မာနိုင်ငံက သတင်းစာ ထုတ်ခွင့်ရတဲ့ အခြေအနေ အသေးစိပ်ကို သေချာဆန်းစစ်သင့်ကြောင်း ဧရာဝတီကို ပြောပါတယ်။

ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ၁၆ စောင် အခုပြန်လည် ထုတ်ဝေခွင့် ရတာက တချိန်က သတင်းစားတွေက ၀ိုင်းပြီး ကန့်ကွက်ခဲ့တဲ့ ၁၉၆၂ခုနှစ် ဥပဒေနဲ့ လုပ်ပိုင်ခွင့်ပေးခဲ့တာဖြစ်ပြီး ကန့်သတ်မှုတွေ အများကြီး ရှိတာကြောင့် ရေးသားတဲ့ အပိုင်းမှာလည်း မြေစမ်းခရမ်းပျိုးသွားနေရတာပါလို့ ဦးဝင်းတင်က ဆိုပါတယ်။
“ဒီလို ချုပ်ချယ်မှုတွေ တော်တော်ရှိနေတဲ့ အနေအထားဟာ ကျနော်ပြောသလို တရုတ်ပြည်ကအားကျတယ် ဆိုတာ ပေါ်ထွက်လာတဲ့ ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ရတယ် တခုတည်း
ကို ကြည့်ပြီး ပြောလို့ မရဘူး။ အရေးအသား
လွတ်လပ်ခွင့် အရရော ဒီသတင်းစာတွေဟာ
သတင်းစာ ပီပီသသနဲ့ ဒေါင်ဒေါင်မြည် ပြည်သူ့ဘက်က ရပ်တည်လို့ရတဲ့ သတင်းစာတွေ ဖြစ်နိုင်မလား ဆိုတာ အများကြီး သံသယ ရှိစရာ အ
ခြေအနေပဲ” လို့ သူက ဆိုပါတယ်။

့ဧရာဝတီ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post