Thursday, April 4, 2013
လူရည်ချွန် မောင်မယ်များသည် ဧပြီလ ၃ ရက်နေ့တွင် တောင်ကြီးမြို့၊
ငွေဆောင်ပတ်ဝန်းကျင် ကျေးရွာများနှင့် ချောက်ရေနံမြေသို့ သွားရောက်
လေ့လာခဲ့ကြကြောင်း သိရသည်။
ဘက်စုံထူးချွန် အပန်းဖြေစခန်း (ပုဂံ) မှ လူရည်ချွန် မောင်မယ်များသည် ဧပြီလ ၃ ရက်နေ့တွင် ပုဂံအပန်းဖြေစခန်းမှ တစ်ဆင့် ချောက်ရေနံမြေရှိ အမှတ် (၂) ရေနံချက်စက်ရုံနှင့် စလေမြို့ရှိ ရုပ်စုံကျောင်း၊ ဓာတ်မြေသြဇာ
စက်ရုံတို့အားသွားရောက်လေ့လာခဲ့
လေးများသည် နံနက် ၈ နာရီတွင် လေ့လာရေးခရီး စတင်ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် စခန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေစခန်းရှိ ဘက်စုံထူးချွန် လူငယ်များသည် ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နှင့်
ငွေဆောင်ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဧပြီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ပြည်သူ့ဘ၀ လေ့လာရေး ခရီးစဉ်များအဖြစ် သွားရောက်ခဲ့ကြောင်း၊ လူငယ်များသည် ဧပြီလ ၂ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်ရှိ ဓာတ်မြေသြဇာစက်ရုံ၊ ပုသိမ်မြို့နယ်ရှိ အထပ်သားစက်ရုံ၊ ပုသိမ်ထီးလုပ်ငန်း၊ ပုသိမ်ဟာလ၀ါ လုပ်ငန်းများ
အား အသုတ်လိုက် အလှည့်ကျ လေ့လာခဲ့ကြပြီးနောက် ပုသိမ်မြို့
နောက်ခံသမိုင်းအား ပုသိမ်မြို့ မြို့တော်ခန်းမတွင် ပရိုဂျက်တာဖြင့် ရှင်းလင်းခဲ့သည်ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဧပြီလ ၄ ရက်နေ့တွင် ငွေဆောင်ဟိုတယ်ဇုန်ရှိ ဟိုတယ်ကြီးလေးခုအား သွားရောက်လေ့လာမည်ဖြစ်ပြီး ငွေဆောင်ကမ်းခြေတွင် ကျင်းပမည့် အကြိုဆီးဂိမ်းပြိုင်ပွဲကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကာ ဧပြီလ
၅ ရက်နေ့တွင် ငွေဆောင်စခန်းမှ ပြန်လည်ထွက်ခွာ၍ နေပြည်တော်
တွင် စခန်းသုံးခုမှ ထူးချွန်လူငယ်များ စုပေါင်းတွေ့ဆုံပွဲ ကျင်းပသွား
မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အင်းလေးအပန်းဖြေစခန်းမှ လူရည်ချွန် လူငယ်များသည် အပန်းဖြေစခန်းမှတစ်ဆင့် တောင်ကြီးမြို့ အ.ထ.က(၁) တည်းခိုစ
ခန်းသို့ ဧပြီလ ၂ ရက်နေ့ ညနေတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
ဧပြီလ ၃ ရက်နေ့တွင် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုန်းမြို့နယ်
တွင် တည်ရှိသော ထမ့်စမ်းလှိုင်ဂူတော်၊ တောင်ကြီးမြို့ စူဠာမုနိဘု
ရား၊တောင်ကြီးမြို့မဈေးများသို
နေပိုင်းတွင် ညောင်ရွှေစခန်းသို့ ပြန်ရောက်ခဲ့ကြောင်း သိရသည်။ ဧ
ပြီလ ၅ ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်သို့ ဆက်လက်ထွက်
ခွာမည်ဖြစ်ပြီး လူရည်ချွန်များထဲတွင် အဋ္ဌမတန်း၊ န၀မတန်းနှင့် တက္က
သိုလ်ဝင်တန်းအရွယ်များ ပါဝင်ကြောင်း သိရသည်။
စလေရုပ်စုံကျောင်းအား လေ့လာနေသည့် လူရည်ချွန် မောင်မယ်များ
ကို တွေ့ရစဉ် (ဓာတ်ပုံ - ကိုနော်(ပုဂံ)
Thursday, April 4, 2013
