ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ် အရှေ့တောင်ဘက် ၁၅ မိုင်ခန့်
အကွာ လုံဟေး ကျေးရွာ အုပ်စု နောင်ယာဆိုင်း ကျေးရွာ လမ်းဆုံတွင် ဧပြီ ၁၅ ရက်
ညနေ ၃ နာရီက စိတ်ကြွ ဆေးပြား များ ဖမ်းဆီး ရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဟိုပုံးမြို့နယ် ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ လမ်းလျှောက် လာသူ လူနှစ်ဦးအား မသင်္ကာ၍ စစ်ဆေးစဉ် ဟိုပုံးမြို့နယ် နောင်ဖာပုံ ကျေး ရွာနေ အောင် သန်း (ခ)တသန်း ၂၅ နှစ် (ဘ) ဦးထွက်တန်၊ ထွန်းဥာဏ် ၄၃ နှစ် (ဘ) ဦးတီတို့ နှစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၄ဝဝ ပြား (ကာလ တန်ဖိုး တစ်ပြားလျှင် ငွေကျပ် ၂ဝဝဝ နှုန်းဖြင့် ရှစ်သိန်း)နှင့် ငွေကျပ် ၅၂ဝဝ တို့အား ရှာဖွေဖမ်းဆီး ရမိခဲ့သည်။
ထို့ကြောင့် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိ သယ်ဆောင်လာသူ အောင်သန်း(ခ) တသန်းနှင့် ထွန်းဥာဏ်တို့ နှစ်ဦးအား ဟိုပုံး ရဲစခန်းမှ မယ(ပ) (၄/ ၂ဝ၁၃)၊ မူး/စိတ် ၁၅/၁၉ (က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ
