Full Time " ဖူလ်ဟမ် ( 0 Vs 1) အာဆင်နယ် ကောက်နုတ်ချက် "

ပထမပိုင်း ခြေစွမ်းပိုင်း ကစားကွက်ပိုင်းနဲ့ ဒုတိယပိုင်းဟာ အလွန် ကွဲပြား
ခြားနားသွားခဲ့ပါတယ်.. ဖူလ်ဟမ်အသင်းကသာ ၁၁ယောက်နဲ့သာ ဖြစ်ခဲ့မယ်
ဆိုရင်ဖြင့် မတွေးဝံ့စရာ အနေအထားမျိုးပါ..

အထူးသဖြင့် မိနစ် (၇၀)မှာ လူစားလဲမှု ၂ကြိမ်ဆက် ပြုလုပ်ပြီးနောက်ပိုင်း
အသင်းဟာ ခံစစ်မှာသာ အချိန်ကုန်ခဲ့ပါတယ်.. ဒါကြောင့်လည်း ဂိုးပေးရဖို့
အန္တရာယ်ရှိလှတဲ့ ပြစ်ဒဏ်ဘောများ ထောင့်ကန်ဘောများ ဆက်တိုက်ပေး
ခဲ့ရပြီး အ၀ါကတ်များလည်း ပြသခံခဲ့ရပါတော့တယ်..

(၈၉)မိနစ်မှာ တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျီရူးရဲ့ ပြစ်ဒဏ်ဟာလည်း
မေးခွန်းထုတ်စရာ အနေအထားလို့ မြင်မိပါတယ်.. အနှေးပြကွက်များအရ ၀ါကတ်လောက်သာဖြစ်ရမယ့် အနေအထားမျိုး ဖြစ်နေပါတယ်..

ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့ခြင်း မရှိသော်လည်း အနိုင် (၃)မှတ် ရရှိဖို့ အလွန်အရေးကြီးနေချိန်မှာ ရယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ဖွယ်ရာ ရလဒ်
တစ်ခုဘဲ ဖြစ်ပါတယ်..

နောက်ပွဲစဉ်တစ်ပွဲ အမ်မရိတ်မှာ လက်ခံယှဉ်ပြိုင်ရမဲ့ မန်ယူအသင်းနဲ့
ပွဲစဉ်အတွက် ယနေ့ လိုအပ်ချက်တွေကို ပြုပြင်ပြီး အကောင်းဆုံးပွဲထွက်
ကစားနိုင်ဖို့ မျှော်လင့်မိပါတော့တယ်ခင်ဗျာ..

Admin ~zm~

SHARE THIS