အငှားယာဉ် မှတ်ပုံတင်ခြင်း မ.ထ.သ (ဗဟို) ကိုင်တွယ်မှု ခေတ္တ ဆိုင်းငံ့ထား

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ လက်လွှဲယူမည့် Taxi မှတ်ပုံတင် လုပ်ငန်း ကိစ္စများနှင့် Taxi နှင့် ပတ်သက်သည့် စည်းကမ်း ထိန်းသိမ်းရေး ကိစ္စများကို မော်တော် ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို)မှ ဧပြီ ၁ ရက်မှ စတင်ကာ လွှဲပြောင်း လုပ်ကိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
သို့သော် ယာဉ်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ၎င်းကိစ္စနှင့် ပတ်သက်၍ အမျိုးသား လွှတ်တော်သို့ တင်ပြ ခဲ့ခြင်းကြောင့် ဧပြီ ၁ ရက်မှ စတင် ကိုင်တွယ် နိုင်ခဲ့ခြင်း မရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက မီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ယခုအခါ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားချက် အရ သင်္ကြန်ကာလ ရုံးပိတ်ရက် များကြောင့် လည်းကောင်း၊ လွှဲပြောင်းလက်လွှဲ ယူရာတွင် အခြားသော လိုအပ်ချက်များ ရှိနေခြင်းကြောင့် လည်းကောင်း၊ Taxi အငှားယာဉ် များ၏ လုပ်ငန်းကိစ္စ အ၀၀ကို မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို)မှ လွှဲပြောင်း လက်ခံမှုကို ခေတ္တ ဆိုင်းငံ့ထားကြောင်း သိရသည်။

အကယ်၍ Taxi ကိစ္စများကို မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို)မှ ကိုင်တွယ်ပါက Taxi မှတ်ပုံ တင်ရာတွင် ပေးဆောင်ရမည့် အခွန်ငွေ များကို ယခင် မြို့တော် စည်ပင်မှ ကိုင်တွယ်ခဲ့သည့် အခွန် နှုန်းထားများ အတိုင်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

 http://bit.ly/16H18Js

SHARE THIS