နဂါးငွေ့တန်း တစ်ခုသည် ကြီးမားသော ဂြိုဟ်ကြီး တစ်လုံးအား ဝါးမြို

နဂါးငွေ့တန်း တစ်ခုကဲ့သို့ ကြီးမား ကျယ်ပြန့်သော တွင်းနက်ကြီး (Black Hole) တစ်တွင်းသည် ဂျူပီတာ ဂြိုဟ်ထက် ကြီးမားသော ဂြိုဟ်ပျက်ကြီး တစ်လုံးအား ဆွဲငင် ဆောင်ယူသွားကြောင်း သိပ္ပံပညာ ရှင်များက တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

စကြဝဠာ အတွင်းရှိ အခြား နဂါးငွေ့တန်းများ နည်းတူ NGC 4845 အမည်ရှိ နဂါးငွေ့တန်း၏ အလယ်တွင် တွင်းနက်ကြီး တည်ရှိပြီး ၎င်းတွင်းနက်ကြီးသည် လွန်ခဲ့သော နှစ်များစွာက မည်သည့် အချက်ပြမှုများ မရှိဘဲ လဲလျောင်း ငြိမ်သက်လျက် ရှိသည်။ ထိုကဲ့သို့ ငြိမ် သက်မှုသည် နှစ်ပေါင်း ၂ဝ မှ ၃ဝ အတွင်းရှိကြောင်း သုတေသနအဖွဲ့ ခေါင်းဆောင် မားရက်နီ ကိုလာဂျက်က ပြောကြားခဲ့သည်။

သုတေသန ပညာရှင်များသည် ဥရောပ အာကာသ အေဂျင်စီမှ စနစ်များကို အသုံးပြု၍ အဆိုပါ နဂါးငွေ့တန်းအား လေ့လာ စောင့်ကြည့်ခဲ့ကြရာ အဆိုပါ နဂါးငွေ့တန်းမှ X-Ray ရောင်စဉ်တန်းများ ဖြာထွက် ခဲ့သည်ကို တွေ့ရှိခဲ့ကြသည်။ ထိုသို့ ရောင်စဉ်တန်း ဖြာထွက်မှု သည် အရာဝတ္ထု တစ်ခုခုအား တွင်းနက်ကြီး အတွင်းသို့ ဆွဲယူခြင်း ခံလိုက်ရပြီး နောက် အပူချိန်နှင့် ဖိအားများသည် စွမ်းအား မြင့်ဓာတ်ငွေ့ အဖြစ်သို့ ပြောင်းလဲ သွားကြပြီး ၎င်းဓာတ်ငွေ့များအား တွင်းနက်ကြီးက ပြန်လည် စုပ်ယူခြင်းကြောင့် ဓာတ်ငွေ့၏ စွမ်းအင်များ မှ ရောင်စဉ်တန်းများ ဖြာထွက်ခြင်း ဖြစ်သည်။ သုတေသန ပညာရှင်များသည် ထိုသို့ ဖြာထွက်မှုအား ဥရောပ အာကာသ အေဂျင်စီ၏ X-Ray ရောင်စဉ်များကို လေ့လာရာတွင် အသုံးပြုသည့် XMM-Newton ကိရိယာအား အသုံးပြု၍ တိုင်းတာခဲ့ကြသည်။ ၎င်းကိရိယာ သည် စကြဝဠာ အတွင်းရှိ X-Ray ရောင်စဉ်တန်းများအား ရှာဖွေနိုင်ကြောင်း သိရသည်။

သိပ္ပံပညာရှင်များသည် အဆိုပါ ကိရိယာများအား အသုံးပြု၍ ရှာဖွေ လေ့လာမှုကြောင့် ဂျူပီတာ ဂြိုဟ်ထက် အဆပေါင်း ၁၄ ဆမှ ၃ဝ အထိ ကြီးသော ဂြိုဟ်ကြီး တစ်လုံးသည် တွင်းနက်ကြီး၏ ဆွဲငင်ခြင်း ခံရခြင်းကြောင့် ကြီးမားသော ဓာတ်ငွေ့များ သို့မဟုတ် အညိုရောင် ကြယ်ကြီး ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

  မြ၀တီ

 ဝါရှင်တန် ဧပြီ ၇

Re-Post By ACM  8-4-2013
အေးချမ်းမွန် Credit & Copy From >  မြ၀တီ<< Thank

SHARE THIS
Previous Post
Next Post