ဓာတ်ငွေ့ပိုင်းလိုင်း ပြင်ဆင်မှုသတ်မှတ်ချက် အတိုင်းပြီးစီးထိုင်းနိုင်ငံ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၏ ကြီးမားသော ကုမ္ပကြီး တစ်ခု ဖြစ်သော PTT က မြန်မာနိုင်ငံ ၏ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ပြင်ဆင်နေမှု မှာ သတ်မှတ်ထားသည့် အတိုင်း ပြီးမြောက် နေပြီဟု အဆိုပါ ကုမ္ပဏီက ပြောကြား ကြောင်း သိရသည်။
ဧပြီလ ၅ ရက်မှ ၁၄ ရက်အတွင်း ရတနာ ပိုက်လိုင်းတွင် စီစဉ် ထားသည့် အတိုင်း သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ပြင်ဆင်နေမှု မှာ ၅၀ ရာခိုင်နှုန်း ကျော်ပြီးစီး နေကြောင်း PTT ၏ ထိပ်တန်း အမှုဆောင် ဒုတိယ
ဥက္ကဋ္ဌ ဖြစ်သူက ပြောကြား ခဲ့သည်။ ဓာတ်
ငွေ့ ပိုက်လိုင်း ပြင်ဆင် နေမှုကြောင့် ထိုင်း
နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ တင်ပို့မှု ခေတ္တ
ရပ်ဆိုင်း ခဲ့ရကြောင်း ၊ ထိုင်းနိုင်ငံ တွင် စွမ်း
အင် မလုံလောက်မှု အတွက် ပူပန်မှုများ နှင့်
သုံးစွဲမှု လျော့ချရေး အတွက် အစီအစဉ်များ
ပြုလုပ်ခဲ့ကြောင်း ကိုလည်း သိရသည်။ စွမ်း
အင် မပြတ်တောက် စေရေး အတွက် ၄၉
ဘီလီယံ လီတာခန့် ရှိသော ဒီဇယ်ဆီ တို့ကို
မီးစက်များ အတွက် အဆင်သင့် ဆောင်
ထားကြောင်း ကိုလည်း ၄င်းက ဆက်လက် ပြောကြား ခဲ့ကြောင်း သိရှိရသည်။
From : ပြည်ချစ်သား