ယခု နောက်ပိုင်း ပြည်တွင်းတွင် ကား ရောင်းဝယ်မှုများ ရှိနေသော်လည်း ကားတင်သွင်း နှုန်းနှင့် အရောင်းအ၀ယ် ဖြစ်နှုန်း မမျှတသည့်အတွက်
ကားတင်သွင်းမှု လျော့ချ လာ
ကြကြောင်း ကားဈေးကွက်မှ သိရသည်။
၂၀၁၃ အထူး CIF တန်ဖိုးများ ပြောင်းလဲရာ
1300 CC ကားများ တင်သွင်းမှုတွင် TAXI
ယာဉ်အဖြစ် တင်သွင်းပါက Free Permit ဖြင့် တင်သွင်း နိုင်သည့် အတွက် ယခင် စ
လစ်ဖြင့် ဈေးကြီးပေး တင်သွင်း ရသည့် 1300CC ကား အများအပြား ယခု လက်ရှိ အချိန်အထိ ကျန်ရှိ နေခြင်း ၊ အခြားကား တင်သွင်းမှု များတွင်လည်း ယခင်က CIF ဈေးနှုန်းများဖြင့် တင်သွင်း ထားသည့် ကားများ ကျန်ရှိ နေခြင်း တို့ကြောင့် ကားတင်သွင်းမှု ပါးလာခြင်း ဖြစ်ကြောင်း ကားဈေးကွက် မှ သိရသည်။
ကားဈေးကွက် အတွင်း 1300 CC
ကားများသည် ယခင် ၂၀၁၃ CIF ဈေးနှုန်း မ
ပြောင်းလဲ ခင်က သိန်း ၁၁၀ ပတ်ဝန်းကျင်
မှ CIF ဈေးနှုန်း ပြောင်းလဲပြီး ချိန်တွင် သိန်း ၉၀ ၀န်းကျင်သာ ရှိတော့ကြောင်းကားပွဲစား များထံမှ သိရှိရသည်။
From : ပြည်ချစ်သား