စစ်တွေမြို့နယ်အတွင်းကုလားလူဦးရေစာ
ရင်းကောက်ခံမှုအားအကန့်အသတ်မရှိရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဧပြီလ ၂၆ ရက်နေ့တွင်စစ်တွေမြို့နယ်
အတွင်းကုလားများအား အဖွဲ့ ၁၈ ဖွဲ့ဖြင့် စာရင်းကောက်ယူမှုစတင်ခဲ့ရာ ရိုဟင်ဂျာ လူမျိုးအဖြစ်သတ်မှတ်ပေးရန်တောင်းဆိုပြီး အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ခဲ့သဖြင့်စစ်တပ်မှလုံခြုံရေးတပ်သားတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ကုလားများအား စာရင်းကောက်ခံမှုကို ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ယင်းသို့အကြမ်း ဖက်လုပ်ရပ်သည် တတိယအကြိမ်ပဋိပက္ခကိုဖြစ်ပွားအောင်
လှုံ့ဆော်ရာရောက်သည့်အတွက် နောက်ကွယ်မှ ကြိုးကိုင်သူများအား ဥပဒေအရပြတ်ပြတ်သားသားအရေးယူ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧပြီလ ၂၆ရက်နေ့၊ညနေပိုင်းတွင်ရခိုင်ပြည်နယ
်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည့်အရေး
ပေါ်အစည်းအဝေးကိုတက်ရောက်ခဲ့သူ
စစ်တွေမြို့မှမြို့မိမြို့ဖတစ်ဦးက ပြောပါသည်။
ယင်းနှင့်ပတ်သက်ပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးကလည်း ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း၏နောက်ကွယ်
တွင်ကြိုးကိုင်သူများရှိနေကြောင်းပြောကြားသည်။
From : RSV